Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၈။
ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ခြောက်ဆယ်တနှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာကို စက်တင်ဘာလ ၂၆ ရက်၊ ဒီနေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ဒရုန်းဗုံးတလုံးကြဲချခဲ့တာလို့ဆိုကြပါတယ်။
အဲဒီဗုံးစထိမှန်ပြီး အမျိုးသားတဦးသေဆုံးသွားသလို နေအိမ်တဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ပြောဆိုကြပါတယ်။
ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို စက်တင်ဘာလ ၂၄ ရ က်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်က်ခဲ့လို့ ကျောင်းဆောင်နဲ့ဆွမ်းစားဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။