Border News Agency
တနင်္သာရီတိုင်း၊ စက်တင်ဘာ ၂၇။
တနင်္သာရီမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးသွားခဲ့ပြီး ရှစ်ဦးဒဏ်ရာရသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်မှ စက်တင်ဘာလ ၂ ၆ ရက်၊ မနေ့ကထုတ်ပြန်ထားပါတယ်။
အဲဒီတနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာအနီးမှာ စက်တင်ဘာလ ၂၅ ရက်၊ မနက် ၆ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၁၁ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိ ပြန်ပြီးဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာမောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်းကျေးရွာအနီးမှာ စက်တင်ဘာလ ၁၈ ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၁၁ နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။