Border News Agency
အိုင်ဇော၊ စက်တင်ဘာ ၂၉။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဘိန်းစေ့အိတ်ပေါင်းခြောက်ရာငါးဆယ်ကို အာသံရိုင်ဖယ်ကဖမ်းဆီးခဲ့ပါတယ်။
အဲဒီအိုင်ဇောလ်မြို့ကို လာတဲ့ကုန်တင်ကားလေးစီးကို အာသံရိုင်ဖယ်တပ်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ တားဆီးစစ်ဆေးဖမ်းဆီးခဲ့တာပါ။
အဲဒီဘိန်းစေ့အိတ်ပေါင်းခြောက်ရာ့ငါးဆယ်အပြင် တရားမဝင်စီးကရက်သုံးဆယ်ငါးဖာလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဘိန်းဖြူနဲ့ စီးကရက်တွေဟာ ကာလပေါက်စျေးရူပီးငါးဒသမကိုးသန်းတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီဘိန်းဖြူနဲ့စီးကရက်တွေကို ကျန်ဖိုင်မြို့မှအသက်တဆယ့်ရှစနှစ်အရွယ် လာလ်ရွတ်တလွန်းအာ၊ အသက်တဆယ့်ရှစ်နှစ်အရွယ်လာလ်ထာဇွာလ်းလာ၊ အသက်တဆယ့်ကိုးနှစ်အရွယ်လာလ်လုံးလိန်းအာ၊ အသက်နှစ်ဆယ်နှစ်နှစ်အရွယ်လာလ်ရင်ချန်းနာ၊ အသက်နှစ်ဆယ်ငါးနှစ်အရွယ်လာလ်မှီန်းလှိုးအာ၊ အသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ်လာလ်မွာန်ဇိုးအာ၊ အသက်သုံးဆယ်တနှစ်အရွယ်လာလ်ချန်ဟီမ်းမာမှ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီဘိန်းစေ့ခြောက်ရာ့ငါးဆယ်အိတ်၊ စီးကရက်သုံးဆယ်ငါးဖာနဲ့ တရားခံတွေကို အိုင်ဇောလ်မြို့ရှိမူးယစ်ဆေးတိုက်ဖျက်ရေးဌာနကိုအပ်နှံထားတယ်လို့






