Border News Agency
မောင်တော၊ အောက်တိုဘာလ ၁။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒါဟာ ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ပြေးသွားကြတဲ့စစ်သွေးကြွအကြမ်းဖက်အဖွဲ့ဝင်တွေကို နယ်စပ်ရေးရာသံတမန်ရေးအရ နယ်မြေဖြတ်ကျော်ရှင်းလင်းရန်ခက်ခဲတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခ-ဘင်္ဂလာနယ်စပ်မှာအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်း ဖက်အဖွဲ့တွေဟာ အရပ်သားပြည်သူခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အောက်တို ဘာလ ၁ ရက်၊ ဒီနေ့ အာရက္ခတပ်တော် ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မီတာ ၇၇၀ ခန့်အကွာရှိ ငှက်ပျောတောအုပ်ထဲမှာ အရည်ပျော်ပြီး အရိုးစုတွေသာကျန်တဲ့အလောင်းခြောက်လောင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်က အာရက္ခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုပ်ပျက် ဆင်းပျက်အနေအထားရှာတွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီငှက်ပျောတောအုပ်မှာအလောင်း တလောင်းစီကို နေရာနှစ်ခု၊နှစ်လောင်းစီကို နေရာနှစ်ခု၊စုစုပေါင်းအလောင်းခြောက်လောင်းကို နေရာလေးခုခွဲပြီးစွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီရုပ်အလောင်းတွေဟာ မောင်တောနယ်စပ်တမန်းသားရွာနဲ့ဒုံးညိုရွာမှ ပျော က်ဆုံးနေတဲ့ရွာသားတွေထဲက ခြောက်ဦးရဲ့ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။
အဲဒီမောင်တောမြို့နယ်၊နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅ ၇ ကြား ပွိုင့် ၆၀၁ ကုန်းရှိ အာရက္ခတပ်တော်ရဲ့နယ်စပ်လုံခြုံရေးတပ်စခန်းကို အစ္စလာမ်မစ်အစွန်းရော က်စစ်သွေးကြွအကြမ်းဖက်အဖွဲ့ဟာအ ချိန်ယူစိမ့်ဝင်ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းကို အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့ဟာ သိမ်းပိုက်ဖို့ရည်ရွယ်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ နည်းလမ်းမျိုးစုံနဲ့အချိန်ယူစိမ့်ဝင်ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအကြမ်းဖက်အဖွဲ့ဟာလမ်းတလျှောက်အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လူပြတ်တဲ့နေရာ(သို့မဟုတ်)လူ အရောက်နည်းတဲ့နေရာတွေမှာ စွန့်ပစ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုပြုလုပ်တာဟာ နှိုတ်ပိတ်လိုက်တာဖြစ်ပေမယ့် မူဆလင်မဟုတ်သူတွေကိုသာ ကျူးလွန်ခဲ့ကြတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအချိန်က အာရက္ခတပ်တော်အရပ်ဘက်အုပ်ချုပ်ရေးမှာ အရပ်သားတွေလူပျောက်လာတိုင်ခဲ့ကြတာဆယ်ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်လက်နက်ကိုင်အ ဖွဲ့ဝင်တွေဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့အာရက္ခမိဘပြည်သူတွေရဲ့အသက်အိုးအိမ်၊စည်းစိ မ်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်းရောက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရလက်နက်ကိုင်တာဝန်ရှိသူတချို့ အကြမ်းဖက်သမားတွေကိုအားပေးကူညီပေးနေကြတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ နတ်မြစ်အပါအဝင်ရေပြင်မှာလည်း ငါးဖမ်းသမားတွေဟန် ဆောင်ပြီး ဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်ဟာ မိုင်ပေါင်းများစွာရှည် လျားတာမို့ အာရက္ခတပ်တော်က နေရာအားလုံးကို အချိန်ပြည့်လုံခြုံရေးမယူပေးနိုင်သေးလို စစ်သည်အင်အားအ များကြီးလိုနေပြီး လုံခြုံရေးဝန်ထမ်းတွေအကျင့်ပျက်ခြစားမှုတွေမဖြစ်ကြအောင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်းလိုအပ်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။