Border News Agency
မြိတ်၊ အောက်တိုဘာလ ၁။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊မြိတ်ထားဝယ်ခရိုင်၊တနောသရီမြို့နယ်(တနင်္သာရီ)အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှအောက်တိုဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ ခလရ ၂၈၀ မှ တပ်ဖွဲ့ဝင်လေးဦးဟာ စက်တင်ဘာလ ၃၀ ရက်နေ့က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ် မဟာ ၄ တပ်ရင်း ၁၁ ဆီအလင်းဝင်ဘ က်ပြောင်းခိုလှုံလာခဲ့တယ်လို့ဆိုပါတယ်။
သူတို့လေးဥိီးဟာ စစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မဖမ်းစီးခံရပြီး ပြည်သူ့စစ်မှုထမ်းသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။
အဲဒိီလို စစ်မှုထမ်းသင်တန်းအတွက် သိန်းခွန်းရှိရှေ့တန်းဘက်နယ်မြေသို့ပို့ဆောင်ခံခဲ့ရချိန်ထွက်ပြေးလွတ်မြောက်လာကာ KNLA ဆီအလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့တပ်သားတွေဟာ KNLA နဲ့နီးစပ်ရာတော်လှန်ရေးတပ်တွေဆီ လက်နက် ချအလင်းဝင်ပူးပေါင်းကြဖို့ အသိပေးထားပါတယ်။

