Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စစ်တွေခရိုင် စစ်တွေမြို့နယ် စီးပွားရေး နိုင်ငံရေး သတင်း အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

စစ်တွေမြို့မှာ အသုဘစာရိတ်ဈေးကြီးလို့ သေဆုံးသူတွေမသင်္ဂြိုလ်နိုင်

(ဓာတ်ပုံ - စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှသုံးရက်ကြာမှ အသုဘချရတဲ့နာရေး / ကူညီပေးခဲ့သူ)

(ဓာတ်ပုံ - စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှသုံးရက်ကြာမှ အသုဘချရတဲ့နာရေး / ကူညီပေးခဲ့သူ)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
76
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ အောက်တိုဘာ ၁။

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ အသုဘစာရိတ်အလွန်ဈေးကြီးနေတာကြောင့် သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့တောင်ခက်ခဲနေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့မှာ ခေါင်းတလားတလုံးကိုတသိန်းခွဲ၊ မီးရှို့သင်္ဂြိုလ်စာရိတ်နှစ်သိန်းခွဲ၊ အလောင်းသယ်ယူကားခသုံးသိန်းထိဈေးကြီးနေတာလို့ မြို့ခံတွေကဆိုကြပါတယ်။

အဲဒါကြောင့် သေဆုံးသူတွေအတွက် အသုဘချဖို့တောင် အခက်အခဲတွေကြုံတွေ့နေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“စစ်တွေမှာ ခုကငတ်တာတခုတည်းမဟုတ်ပါဘူး။ သေတာတောင်အသုဘမချနိုင်တဲ့ ရင်နာစရာအဖြစ်ဆိုးတွေဖြစ်နေတာပါ”လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစ်တွေမြို့၊ မင်းဂံအကွက်ဆယ့်သုံးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သက်ကြီးပိုင်းအရွယ်အမျိုးသမီးတဦးသေဆုံးသွားပြီး အသုဘစာရိတ်မတတ်နိုင်လို့ မသင်္ဂြိုလ်နိုင်ဘဲနှစ်ရက်ကြာထားရတယ်လို့ ဆိုကြပါတယ်။

အဲဒီအမျိုးသမီးကြီးဟာ စစ်ဘေးရှောင်ဖြစ်သလို တကိုယ်တည်းသမားဖြစ်တာမို့ သူမမသေမီကအိမ်နီးချင်းတွေကို သူမ​သေသွားရင်ဆက်သွယ်အကြောင်းကြားပေးဖို့ သူမရဲ့မိတ်ဆွေတဦးရဲ့ဖုန်းနံပါတ်ပေးထားခဲ့တယ်လို့ ဆိုကြပါတယ်။

သူမသေဆုံးသွားချိန်မှာ အိမ်နီးချင်းတွေကဖုန်းဆက်ပေမယ့် ဆက်သွယ်လို့မရတာကြောင့် အသုဘမချနိုင်ဘဲအလောင်းကို ဒီအတိုင်းထားခဲ့ကြရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီနောက်သုံးရက်မြောက်နေ့မှသာ အဆက်အသွယ်ရတာမို့ မသင်္ဂြိုလ်ရသေးတဲ့အလောင်းကို အကုန်အကျခံအသုဘချပေးခဲ့ရတယ်လို့ ကိုယ်တိုင်ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေက ဆိုကြပါတယ်။

“ဖုန်းဆက်လာတော့ ကျွန်မကမအားသေးပါဘူး။ အသုဘလည်းမပို့တော့ဘူးဆိုပြီး မသွားဘဲနေလိုက်ပါတယ်။ သေလို့သုံးရက်ကြာတော့ ကျွန်မသတင်းသွားမေးပါတယ်။ ရောက်သွားတော့ သူနေတဲ့စခန်းနေရာလေးမှာ အလောင်းကဒီအတိုင်းဘဲချထားလို့ပါ။ ကျွန်မအဲဒါကိုမြင်တော့ အရမ်းစိတ်မကောင်းပါဘူး။ ဆုံးသွားတဲ့အမျိုးသမီးက ကျွန်မနဲ့သိကြပေမယ့်သိပ်မရင်းနှီးပါဘူး။ မနှစ်ကပေးထားတဲ့ဖုန်းနံပါတ်နဲ့ အိမ်နီးချင်းကိုမသေခင်က ဆက်သွယ်ခိုင်းထားတာပါတဲ့။ ဆုံးလို့သုံးရက်ကြာပြီ အသုဘမချရသေးတာကို မေးကြည့်တော့ပိုက်ဆံမတတ်နိုင်လို့ပြောပါတယ်။ သုံးရက်ကြာတဲ့အထိ အသုဘမချရသေးတာကိုထပ်ကြားရတော့ ကျွန်မအရမ်းဝမ်းနည်းသွားပါတယ်။ ကျွန်မပဲအားလုံးအကုန်အကျခံပြီး အသုဘချပေးခဲ့ပါတယ်။”လို့ အသုဘကို အကုန်အကျခံဆောင်ရွက်ပေးခဲ့သူ စစ်တွေမြို့ခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ ဘုန်းကြီးတွေပင့်သရဏဂုံတင်ပြီး အသုဘချပေးခဲ့တာမို့ ငွေကျပ်ဆယ်သိန်းကျော်ခန့်ထိ ကုန်ချခဲ့တယ်လို့လည်း သူမကရှင်းပြပါတယ်။

အဲဒီစစ်တွေမြို့မှာ လူသားဒိုင်းကာအဖြစ် ပိတ်လောင်ခံထားကြရတဲ့အရပ်သားပြည်သူတွေဟာ စစ်ကော်မရှင်ကြောင့်အငတ်ဘေးကို ရင်ဆိုင်ကြုံတွေ့နေကြရသလို ငတ်မွတ်ခေါင်းပါးပြီးသေဆုံးသူတွေ၊ သတ်သေသူတွေလည်းရှိနေကြတယ်လို့ စစ်တွေမြို့ခံတွေကဆိုကြပါတယ်။

“တမြို့လုံးက ငတ်နေကြတာပါ။ စစ်ဘေးရှောင်တွေဆိုတော့ ငွေကြေးလည်းမတတ်နိုင်တာနဲ့ မသင်္ဂြိုလ်ပေးနိုင်ပါဘူး။ ပြီးတော့ သူကတကိုယ်တည်းသမားပါ။ ကျွန်မကို အားကိုးတကြီးနဲ့အသုဘချပေးဖို့ ဖုန်းနံပါတ်ကိုပေးထားခဲ့တာပါ။ ကျွန်မရောက်သွားခဲ့လို့တော်ပါသေးတယ်။ အိမ်နီးချင်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြပါဘူး။”လို့ အသုဘကို အကုန်အကျခံဆောင်ရွက်ပေးခဲ့သူ စစ်တွေမြို့ခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလပထမအပတ်ကလည်း စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတဦးသေဆုံးသွားတုန်းကလည်း ငွေကြေးအခက်အခဲကြောင့် မီးမသင်္ဂြိုလ်နိုင်ခဲ့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အဆင်ပြေသလို မြေမြှုပ်သင်္ဂြိုလ်လိုက်ရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့မှာ နာရေးကူညီမှုအသင်းတွေ၊ လူမှုကူညီရေးအသင်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအများကြီးရှိခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားလာပြီး နောက်တိမ်းရှောင်သွားခဲ့ကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ မိသားစုဝင်တဦးဦးသေဆုံးသွားရင် အသုဘစာရိတ်တွေဈေးကြီးနေလို့ မသင်္ဂြိုလ်နိုင်တဲ့ထိဖြစ်နေကြတာလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့မှာ နာရေးကူညီမှုအသင်းတချို့ကျန်နေပေမယ့် ရန်ပုံငွေမရှိတာတွေအပါအဝင် အထွေထွေကုန်ကျစာရိတ်တွေကြောင့် ပုံမှန်မလည်ပတ်နိုင်ဘဲ ရပ်နားထားကြရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုကြပါတယ်။

“အရင်ကဆို ငွေကြေးမတတ်နိုင်ပေမယ့် အသုဘချဖို့ဆိုနာရေးကူညီတဲ့ အသင်းတွေကိုဆက်သွယ်ပြီး အကူညီတောင်းလို့ရပါတယ်။ ခုစစ်တွေမြို့မှာ လူမှုကူညီရေးအသင်းတွေလည်း လုံးဝမလည်ပတ်နိုင်တော့ပါဘူး။ ငွေတတ်နိုင်သူတွေအဆင်ပြေပေမယ့် မတတ်နိုင်သူတွေကအသုဘချဖို့တောင်လုံးဝခက်ခဲနေကြတာပါ”လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုအသုဘမချနိုင်၊ မသင်္ဂြိုလ်နိုင်ဖြစ်နေကြတာဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြသလို နေ့စဥ်စားဝတ်နေရေးအတွက် ဝင်ငွေမရှိကြတာကြောင့်ဖြစ်တယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီလိုငတ်မွတ်ခေါင်းပါးသေဆုံးနေကြသလို အသုဘမချနိုင်ကြအောင်ထိဖြစ်နေကြတာဟာ စစ်ကော်မရှင်တပ်ကလူသားဒိုင်ကာအဖြစ် ပိတ်လောင်ထားတာကြောင့်ဖြစ်ပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ကျူးလွန်နေတာလို့ ပြည်သူတွေကဆိုကြပါတယ်။

အဲဒီလိုစစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာကအပြင်းထန်းဆုံးအရေးယူမှုတွေကို အမြန်ဆုံးပြုလုပ်ပေးကြဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။

PrevPreviousကျောက်မဲမြို့ကိုစစ်ကော်မရှင်တပ်ပစ်ခတ်လို့ ဌာနဆိုင်ရာရုံးတွေ မီးလောင်
Nextနမ္မတူနဲ့မန်တုံမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးNext
Previous Post

ကျောက်မဲမြို့ကိုစစ်ကော်မရှင်တပ်ပစ်ခတ်လို့ ဌာနဆိုင်ရာရုံးတွေ မီးလောင်

Next Post

နမ္မတူနဲ့မန်တုံမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025
ဓာတ်ပုံ - ညိုမင်းခိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

October 13, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

ရွှေမြို့နယ်ပကဖမှ တိုက်နယ်ပကဖတွေကို လက်နက်တပ်ဆင်

Releated Post

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025
ဓာတ်ပုံ - ညိုမင်းခိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

October 13, 2025

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

October 13, 2025

ရွှေမြို့နယ်ပကဖမှ တိုက်နယ်ပကဖတွေကို လက်နက်တပ်ဆင်

October 13, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page