အင်တာဗျူး
Border News Agency
စစ်တွေ၊ အောက်တိုဘာ ၂။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ အသုဘစာရိတ်အလွန်ဈေးကြီးနေတာမို့ သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့တောင် ခက်ခဲနေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအသုဘချဖို့ထိခက်ခဲနေကြတာတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြို့ခံအမျိုးသမီးတဦးက Border News Agency ကို ပြောပြထာပါတယ်။
“အသုဘစာရိတ်မတတ်နိုင်ဘူးလို့လိုင်းပေါ်မှာတင်ထားတာ မင်းဂံအကွက်…ကအသုဘပါ။
“သူနဲ့အရင်တုန်းက ရင်းနှီးခဲ့ပါတယ်။သူ့ကို အရင်တုန်းကနေမကောင်းဖြစ်တုန်းကအကူညီပေးဖူးပါတယ်။
“ဆေးကုသစာရိတ်တွေ၊ထမင်းငတ်နေတုန်းကလည်းအကူညီပေးဖူးပါတယ်။
သူဟာ ကျွန်မဖုန်းနံပါတ်ကို ဘယ်ကိုပဲရောက်ရောက်မှတ်ထားပါတယ်။
သူနေ မကောင်းဘဲဖြစ်ဖြစ်၊သေဖို့ပဲဖြစ်ဖြစ်၊ကျွန်မကို ဖုန်းရအောင်ဆက်ပေးပါလို့အကူညီတောင်းမယ်ထင်ပါတယ်။
အဲဒီတော့…ရွာကလူတွေကဖုန်းဆက်ပါတယ် ကျွန်မကို…။
“…သေသွားပြီတဲ့။အသုဘမချနိုင်ဘူးဖြစ်နေပါတယ်တဲ့။ကျွန်မလည်း …အဲဒီလောက်ထိ အခက်အခဲရှိနေတယ်လို့မထင်ဘူးပေါ့နော်။
အဲဒီတော့….ကျွန်မလည်းလာခဲ့ပါမယ်လို့ပြောလိုက်တယ်ပေါ့နော်။
အဲဒါနဲ့ကျွန်မလည်း အလုပ်များနေလို့ မသွားဖြစ်လိုက်ပါဘူး။သူတို့ကတော့အားနာလို့ဖုန်းထပ်မဆက်ကြတော့ပါဘူး။
“ကျွန်မလည်း နောက်နေ့အလုပ်အားလို့သွားကြည့်တော့…ကျွန်မမရောက်လာလို အဲဒီအသုဘက မချရသေးပါဘူး။”
“မိုးရွာထဲမှာ ထီးတလက်နဲ့ရှိနေပါတယ်။
“အဲဒီတော့မှ ဘာအခက်အခဲရှိလဲမေးတော့…ဒီမှာက ကူညီပေးနိုင်မယ့်သူမရှိပါဘူး။
“ထမင်းတောင်ငတ်နေကြတာဆိုတော့ ရွာမှာကောက်ရင်လည်း ငါးရာကျပ်၊တထောင်ကျပ်က အိမ်တိုင်းမထည့်နိုင်ကြပါဘူး။”
“အခုရုပ်အလောင်းထည့်ဖို့ခေါင်းက တသိန်းငါးသောင်းကျပ်၊မီးသဂြိုလ်တဲ့ စာရိတ်ကတသိန်းငါးသောင်းကျပ်ကုန် ကျမယ်တဲ့ ပြီးတော့…ရုပ်အလောင်းကိုရွာကလူတွေလိုက်ပိုဖို့က ဓာတ်ဆီတွေလည်းစျေးကြီးတာမလို့…ထော်လာဂျီ သုံးလေးစီးလောက်တော့ငှါးရပါမယ်။ ဘုန်းကြီးတွေလည်းသရဏဂုံတရားနာဖို့ပင့်ရပါမယ်။”
“အလောင်းစောင့်တဲ့သူတွေအတွက် ကွ မ်းတွေ၊ဆေးလိပ်တွေကလည်း နည်းနည်းလိုပါတယ်။
အဲဒါတွေအကုန်ဆိုရင်ပိုက်ဆံကခြော က်သိန်း၊ခုနှစ်သိန်းမရရင် ဒီအလောင်းကိုချလို့မရပါဘူးတဲ့။”
“အဲဒီတော့…အဆင်မပြေပါဘူးတဲ့။ကျွ န်မကလုပ်ပေးပါမယ်။ဒီအသုဘကိုအ ဆင်ပြေပြေချနိုင်အောင်အတွက် ကျွန် မ လိုအပ်တာကို ကူညီပေးပါမယ်ဆိုပြီးပြောလိုက်ပါတယ်။”
“အမှန်ကတော့…ဟိုနေ့တည်းကသဂြိုလ်ရမှာပါ။ကျွန်မရောက်မှထိီးတလက်နဲ့မိုးရေထဲမှာ စောင့်နေရတာ မြင်တော့ ရင်ကွဲရပါတယ်။”
“လူတိုင်းလိုလိုတော့မဟုတ်ပါဘူး။ကျွ န်မတို့ကလည်း ပိုက်ဆံ အဲဒီလောက်တတ်နိုင်တာမဟုတ်ပါဘူး။”
“သားသမီးတွေကိုလည်းပညာသင်ပေးနေရသေးတာဆိုတော့…။ဒါပေမယ့် ကိုယ့်ထက်အခက်ခဲအများကြီးရှိနေတဲ့လူတွေဆိုတော့…လူသားချင်းစာနာထော က်ထားပြီးကူညီပေးတာပါ။ချမ်းသာတဲ့လူတွေက ကူညီတာမတွေ့ရပါဘူး။”