Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၃။
မြန်မာနိုင်ငံတဝှမ်းကလူငယ်တွေအလုပ်လက်မဲ့မှုဟာ ပဋိပက္ခဒေသတွေမှာပိုဆိုးနေတယ်လို့ UNDP Myanmar က အောက်တိုဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အသက်ဆယ့်ငါးနှစ်မှသုံးဆယ်ငါးနှစ်အရွယ်ထိလူငယ်လေးသန်းခန့်အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ကယား၊ ရခိုင်လို့ စစ်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေမှာ အခြေအနေပိုဆိုးနေတယ်လို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာစစ်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် လူငယ်တွေလုံခြုံမှုမရှိတာ၊ အလုပ်ရှာဖို့ တနေရာမှတခြားတနေရာသို့သွားလာရမလွယ်ကူတာ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေပျက်စီးတာ၊ လုပ်ငန်းခွင်တွေရှားပါးပြီးနည်းပါးလာတာတွေကြောင့် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းလျော့နည်းပြီး အလုပ်လက်မဲ့ဖြစ်နေကြတာလို့ ဆိုပါတယ်။
အဲဒီအပြင် အမျိုးသမီးငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် နှစ်ဆကျော်နှုန်းအလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုအလုပ်လက်မဲ့ဖြစ်နေတာသာ မကအိမ်ထောင်ဖက်က အလုပ်လုပ်တာကတားမြစ်တာ၊ အိမ်မှုကိစ္စစောင့်ရှောက်ရမှုတွေ၊ ပညာရေးကနှုတ်ထွက်ခဲ့ကြရတာတွေကြောင့် အခြေအနေတွေ ပိုဆိုးနေတာလို့ ဆိုပါတယ်။
အဲဒီအခြေအနေတွေကြောင့် လူငယ်တွေရဲ့ကိုယ်ပိုင်စွမ်းရည်အသုံးချနိုင်မှုနဲ့ အနာဂတ်အခွင့်အလမ်းတွေ ကန့်သတ်ခံရပြီး မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး၊ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေအ ပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
တက္ကသိုလ်ဘွဲ့ရသူတွေရဲ့ လစာဟာ အမေရိကန်ဒေါ်လာ ၁၂၄ ခန့်သာရရှိပြီးအတန်းပညာနည်းသူတွေရဲ့လစာဟာအမေရိကန်ဒေါ်လာ ၈၁ ခန့်သာရရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဲါကြောင့် လူငယ်တွေဟာ အလုပ်ရှာဖွေဖို့ စိတ်ဓါတ်ကျဆင်းတာ၊ ပြည်တွင်းမှာကိုယ်ပိုင်စွမ်းရည်အသုံးချမှုကန့်သတ်ခံရမှုတွေ ကြုံတွေ့နေရကြရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်ကော်မရှင်တပ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်ငါးသိန်းခန့် ပြည်ပထွက်ခွာခဲ့ကြပြီး ကျန်လေးဆယ်ရာခိုင်နှုန်းလည်း အခွင့်အလမ်းရှိရင် ပြည်ပသို့ထွက်ချင်နေကြတယ်လို့ ဆိုပါတယ်။