Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

ဗင်နီဇွဲလား၏သံမဏိအမျိုးသမီး သို့မဟုတ် မာရီယာကိုရီနာမာချာဒို

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁၀။

“ကျွန်မကတော့ ဗင်နီဇွဲလားအမျိုးသားညီလာခံမှ မာရီယာကိုရီနာမာချာဒို ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ သူ့ရဲ့သမိုင်းမှာရော့၊ နောင်လာမယ့်မျိုးဆက်တွေအတွက်ပါ အမှောင်မိုက်ဆုံးနဲ့အရေးအကြီးဆုံးအခြေအနေကို ဖြတ်သန်းနေရပါတယ်။ နိုင်ငံတော်ကလုပ်ဆောင်ခဲ့တဲ့ အာဏာသိမ်းမှုတရပ်ရှိခဲ့ပါတယ်။ မစ္စတာမာဒူရိုနဲ့သူ့အစိုးရရဲ့စစ်ဝါဒီအာဏာရှင်စနစ်ဟာ ရာဇဝတ်ဂိုဏ်းတွေ၊ နိုင်ငံတကာမူးယစ်ဆေးဝါးကွန်ရက်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို ပြသနေပါတယ်။ သူတို့ဟာ ကျွန်မတို့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားတဲ့အခါ အရှက်အကြောက်တရား လုံးဝမရှိတော့ပါဘူး။”

“လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာ ဖိနှိပ်မှု၊ ဖမ်းဆီးချုပ်ချယ်မှု၊ ဆင်ဆာဖြတ်တောက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပိုပြီးတိုးလာခဲ့ပါတယ်။ ကျောင်းသားတွေ၊ သတင်းသမားတွေ၊ တွစ်တာအသုံးပြုသူတွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဝရမ်းထုတ်တာမျိုးမရှိဘဲ၊ ပြစ်မှုတစုံတရာကျူးလွန်တာမျိုးမရှိဘဲ ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာပဲ ကာရာကပ်စ်မြို့တော်ဝန်အန်တိုနီယိုလီဒီဇ်မာဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဝရမ်းမပါဘဲ ရုံးခန်းကနေပြန်ပေးဆွဲသလို ဖမ်းဆီးခေါ်ဆောင်သွားပြီးအမျိုးသားခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ်ကို ပြီးခဲ့တဲ့တနှစ်လုံးထိန်းသိမ်းထားတဲ့ ရာမိုဗာဒီစစ်တပ်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ အန်တိုနီယို လီဒီဇ်မာ၊ လီယိုပိုဒိုလိုပက်ဇ်နဲ့ကျွန်မတို့ဟာ ဗင်နီဇွဲလားနိုင်ငံသားအားလုံးနဲ့ ပြန်လည်သင့်မြတ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာဒီမိုကရေစီသို့ ကူးပြောင်းနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။”

“နောက်တဆင့်မှာ နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့အတွက် အမျိုးသားအစည်းအဝေးတရပ်ကို ခေါ်ယူခဲ့တဲ့အတွက်ကြောင့် ဒါကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမိန့်ကို ဖျက်ဆီးရာရောက်တယ်။ ထောက်ခံအားပေးရာရောက်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ကျွန်မတို့ ဗင်နီဇွဲလားနိုင်ငံသားအားလုံးကို ထောက်ခံဖို့ဖိတ်ခေါ်တဲ့ အမျိုးသားအသွင်ကူးပြောင်းရေးသဘောတူညီချက်ရဲ့စိတ်ကူး၊ စကားလုံး၊ စိတ်ဓာတ်နဲ့တန်ဖိုးရှိသမျှ အားလုံးအပေါ်ကျွန်မထောက်ခံကြောင်း မစ္စတာမာဒူရိုကို ပြောကြားလိုပါတယ်။”

“ကျွန်မဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံခဲ့ရပါတယ်။ အမျိုးသားညီလာခံဥက္ကဋ္ဌမစ္စတာကာဗယ်လိုရဲ့ မျက်စိရှေ့တည့်တည့်မှာပဲ ကျွန်မနှာခေါင်းရိုးကျိုးသွားခဲ့ရတယ်။ ဘာကြောင့်လဲ။ ဗင်နီဇွဲလားမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ အမေရိကန်နိုင်ငံအဖွဲ့ကို ကျွန်မကိုယ်တိုင်ဖွင့်ချခဲ့လို့ပါပဲ။ အဲဒီလိုဖွင့်ချခဲ့လို့ ကျွန်မကို ဗင်နီဇွဲလားအာဏာရှင်တွေက အကြမ်းဖက်သူ၊ နိုင်ငံကိုသစ္စာဖောက်သူလို့ စွပ်စွဲခဲ့ကြတယ်။ ကျွန်မကို လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းကြံစည်သူဆိုပြီး စွပ်စွဲခဲ့ကြတယ်။ ကျွန်မနဲ့ကျွန်မမိသားစုဟာ တိုက်ခိုက်ခံခဲ့ရတယ်။ ကျွန်မသားသမီးတွေရဲ့အသက်ကို ခြိမ်းခြောက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့တနှစ်ပတ်လုံးဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ ဒီမိုကရေစီနဲ့လွတ်လပ်မှုကိုမရမချင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့သတင်းစကားကို လူထုထံမပေးနိုင်အောင် ကျွန်မကိုနိုင်ငံထဲက ထွက်ခွာခွင့်ကို တားမြစ်ခဲ့ကြတယ်။”

“ကမ္ဘာပေါ်ရှိ ဒီမိုကရေစီအစိုးရတွေဟာ စီးပွားရေး၊ ပထဝီနိုင်ငံရေးစတဲ့အကြောင်းပြချက်တွေနဲ့ ဗင်နီဇွဲလားပြည်သူတွေကို လျစ်လျူရှူထားတယ်။ ခု…မစ္စတာမာဒူရိုဟာ စည်းလွတ်ဘောင်လွတ်ဖြစ်နေပါပြီ။ ခု…သူဟာလူ့အခွင့်အရေး၊ ဗင်နီဇွဲလားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို ကြီးမားကျယ်ပြန့်စွာ စနစ်တကျချိုးဖောက်နေတာကို ကမ္ဘာကသိရှိနေပြီဖြစ်ပါတယ်။”

“ဒါကြောင့်ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကို ချစ်မြတ်နိုးသူအားလုံးကို ကျွန်မတောင်းဆိုချင်တာက”ကျွန်မတို့နဲ့အတူအသံ ထွက်ပေးပါ။ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူရပ်တည်ပေးပါ။”

ဗင်နီဇွဲလားကဒီမိုကရေစီ တိုက်ပွဲအတွက် ခုချက်ချင်း ခိုင်မာတဲ့ရပ်တည်ချက်ကို ကမ္ဘာကပြသပေးလာဖို့နဲ့ နိုင်ငံကိုအုပ်ချုပ်နေတဲ့အာဏာရှင်စနစ်ကို ပယ်ချပေးဖို့ကို ကျွန်မတို့မျှော်လင့်ပါတယ်။ ဗင်နီဇွဲလားရှိ ပြည်သူတွေလည်း ကိုယ့်တာဝန်ဖြစ်တဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့ လွတ်လပ်မှုသို့ကူးပြောင်းတာကို မကြာမီအောင်မြင်အောင်လုပ်ဆောင်သွားပါမယ်။”

“ကျွန်မတို့ကို ယုံကြည်ပါ။ သင်ဟာ ဗင်နီဇွဲလားပြည်သူတွေနဲ့ တသားရှိကြောင်းပြသပေးဖို့ကိုလည်း ကျွန်မတို့ မျှော်လင့်ပါတယ်။”

မာရီယာကော်ရီနာမာချာဒို (Maria Corina Machado)

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်

၂၀၂၅ ခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်

၂၀၁၅ခုနှစ်၊ ခုနှစ်ကြိမ်မြောက် ဂျီနီဗာလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆွေးနွေးပွဲမှာပြောခဲ့တဲ့မိန့်ခွန်း။

မိန့်ခွန်းမူရင်း – https://genevasummit.org/speech/fighting-oppression-defending-human-rights-4/

PrevPreviousစစ်ကော်မရှင်တပ်သားနှစ်ဦး KNLAဆီအလင်းဝင်
Nextသံတွဲမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်Next
Previous Post

စစ်ကော်မရှင်တပ်သားနှစ်ဦး KNLAဆီအလင်းဝင်

Next Post

သံတွဲမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

Releated Post

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page