Border News Agency
မောင်တော၊ အောက်တိုဘာ ၁၁။
မောင်တောမြို့နယ်မှာ အကြမ်းဖက်သမားတွေသတ်ဖြတ်လို့ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က အောက်တိုဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လိပ်ရခွဆုံတောင်ဘက်မီတာနှစ်ရာခန့်အကွာမှာ အောက်တိုဘာလ ၁၁ ရက်၊ဒီနေ့ နေ့လည် ၃ နာရီအချိန်ခန့်က အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်သမားဆယ်ဦးဟာ ဆိုင်ကယ်ကယ်ရီမောင်းသမား သုံးဦးကိုခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
သူတို့သုံးဦးထဲမှအသက်နှစ်ဆယ်နှစ်နှစ်အရွယ်ကိုငြိမ်းချမ်းဟာ အကြမ်းဖက်သမားတွေခြုံခိုတိုက်ခိုက်ခဲ့တဲ့နေရာမှာ နောက်ကျောမှကျည်ဝင်ပြီးဝမ်းဗိုက်မှဖောက်ထွက်တဲ့ ကျည်ဆန်ဒဏ်ရာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထွက်ပြေးလွတ်မြောက်လာကြတဲ့ အသက်နှစ်ဆယ်သုံးနှစ်အရွယ်ကိုသောင်းဇင်နဲ့အသက်သုံးဆယ်သုံးနှစ်အရွယ်ကိုနိုင်လင်းကို အာရက္ခတပ်တော်မှအချိန်မီဆေးကုသမှုပေးနိုင်ခဲ့တာမို့လောလောဆယ်အသက်ရှင်နေသေးတယ်လို့ဆိုပါတယ်။
အဲဒီအပြစ်မဲ့ဒေသခံဆိုင်ကယ်ကယ်ရီမောင်းသမားသုံးဦးဟာနံ့သာတောင်ကျေးရွာမှကြိမ်ချောင်းကျေးရွာသို့ အ ခြေခံလူသုံးကုန်ပစ္စည်းတွေသယ်ယူပို့ ဆောင်ပေးနေကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊လိပ်ရခွဆုံနဲ့သ ယာကုန်းရွာကြားမှာအောက်တိုဘာလ ၅ ရက်နေ့မနက်ကလည်းဒေသခံသုံးဦးကို အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။
သူတို့သုံးဦးဟာ အောက်တိုဘာ ၅ ရက်၊မနက် ၉ နာရီခွဲအချိန်ခန့်က တောင်ပြိုမှ အောင်သာယာရွာသို့ ဆိုင်ကယ်နဲ့ပစွည်းတွေသယ်ယူလာချိန် လိပ်ရခွဆုံနဲ့သာယာကုန်းရွာအကြားမှာ အကြမ်းဖက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရတာပါ။
အဲဒီအကြမ်းဖက်အဖွဲ့ဟာ သူတို့သုံးဦးကိုသေနတ်တွေနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုင်ကယ်ကိုထားခဲ့ပြီး စျေးပင်ချောင်းခွဆုံဖက်သို့ ထွက်ပြေးကြပေမယ့် ကိုမင်းထွန်းအောင်မှာညာဖက်နဖူးမှာဒဏ်
ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊ အောင်သာယာရွာက အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးနိုင်နိုင်ကျော်၊အသက်နှစ်ဆယ့်လေးနှစ်အရွယ်ကိုအာကာအောင်၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုမင်းထွန်းအောင်တို့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်လို့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုမင်းထွန်းအောင်မှာ ညာဖက်နဖူးမှာ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလိုအကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကို အကြမ်းဖက်သမားတွေဟာ ရုပ်သံထုတ်ပြန်ဝန်ခံထားကြပါတယ်။
အဲဒီလို အစ္စလာမ်မစ်အစွန်းရောက်အ ကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကြောင့် မောင်တောနယ်စပ်ရှိ မိဘပြည်သူတွေအနေနဲ့ လူပြတ်တဲ့နေရာတွေကိုသွား လာကြချိန်မှာ တဦးတည်း(သို့)လူအနည်းစုနဲ့သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ကိုလည်းသတိပေးထားပါတယ်။
အဲဒီအပြင် ကျန်းမာရေးကိစ္စအပြင် မဖြစ်မနေသွားလာရမယ့်အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီ အာရက္ခ–ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေက ခုလိုမျိုးအကြမ်းဖက်လှုပ်ရှားတာတွေဟာအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့အာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေကိုခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ခဲ့ပါတယ်။