Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၅။
စစ်ကော်မရှင်ကအလုပ်သမားတွေရဲ့ လုပ်ခလစာတနေ့ကို ၇၈၀၀ ကျပ်သတ် မှတ်လိုက်တယ်လို့ စစ်ကော်မရှင်ရဲ့အခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အောက်တိုဘာလ ၁၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအလုပ်သမားတွေရဲ့လုပ်ခလစာကို အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ထပ်မံခံစားခွင့်ပြုတဲ့အတွက် ခုအောက်တို ဘာလကစပြီး နေ့စဉ်လုပ်ခလစာ ၇၈၀၀ ကျပ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
အစိုးရဌာနတွေနဲ့အဖွဲ့အစည်းတွေရှိ နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခလစာကို အလုပ်ချိန်တနေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့လုပ်ခ ၄၈၀၀ ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလက ပထမအကြိမ်နဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လက ဒုတိယအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့တယ်လိို့ဆိုပါတယ်။
ခုထောက်ပံ့နေတဲ့ အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်အပြင် ထပ်မံပြီး ၁၀၀၀ ကျပ်ကိုအပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုတဲ့အတွက် နေ့စားအလုပ်သမားတွေအနေနဲ့ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ်ကို ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့် ပြုတာကို အောက်တို ဘာလ ၁ ရက်ကစပြီးအလုပ်လုပ်တဲ့ရက်တွေနဲ့ ၁၉၅၁ ခုနှစ်ခွင့်ရက်နဲ့ အလု ပ်ပိတ်ရက် အက်ဥပဒေအရခံစားခွင့်ပြုတာဖြစ်တယ်လို့ ဆိုပါတယ်။
ခုသတ်မှတ်ချက်ဟာအလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊မိသားစုတပိုင်တနိုင်လုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူးလို့လည်း ဆိုပါတယ်။






