Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့တချို့ကို စစ်ကော်မရှင်တပ် ပြန်သိမ်းဖို့ ကြိုးစားနေပြီး ထိုးစစ်ကြီးတွေပြုလုပ်ဖို့အချိန်ယူနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူရန်အတွက် စစ်ကော်မရှင်တပ်ပြင်ဆင်နေမှုတွေကို ခုရက်တွေအတွင်း ပိုမိုတွေ့ရှိလာရတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်နဲ့စစ်ရေးအရ ထိပ် တိုက်ရင်ဆိုင်နေရတဲ့စစ်တွေ၊ ကျောက်ဖြူသို့ စစ်ကော်မရှင်တပ်စစ်အင်အားတိုးတာတွေကို ပင်လယ်ရေကြောင်းမှ တဆင့် ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပု ဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တ ပ်ပြန်သိမ်းဖို့ကြိုးစားပြင်ဆင်နေပြီးပု ဏ္ဏားကျွန်းမြို့နယ်မှာခြေကုတ်ယူထိုးစ စ်ဆင်ဖို့စစ်အင်အားဖြည့်ပြင်ဆင်နေတ ယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“စစ်တပ်ကတပ်တော်ဗျူဟာကိုပြန်သုံးနေတာပါ။မြေပြင်မှာတဖြည်းဖြည်းချင်းရှေ့တိုးပြီးနယ်မြေချဲ့လာတာပါ။ မင်းချောင်းတံတားပေါ်ကနေတဖြည်း ဖြည်းရှေ့တိုးဆင်းနေတာပါ။ ပုဏ္ဏားကျွန်းနယ်ဖက်မှာခြေကုတ်ယူနေပါပြီ။ပစ်ကူအားယူပြီးရသလောက်ခံစစ်ပြင်ရှေ့ တိုးနေတာပါ။ပုဏ္ဏားကျွန်းကို ပြန်သိမ်းမယ့်ဗျူးဟာပါ။” လို့ မြေပြင်စစ်ရေးသ တင်းရင်းမြစ်က Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ဟာ ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့စစ်တွေမြို့ နယ်နဲ့နယ်နိမိတ်ဆက်စပ်နေသလိုကု လားတန်စီမံကိန်းဖြတ်သန်းလာလမ်း ကြောင်းမှာတည်ရှိနေပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂ ၀၂၄ခုနှစ်၊ မတ်လ ၄ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်သိမ်းပိုက်ထိ န်းချုပ်ထားတာမို့ ဒေသကွပ်ကွဲမှုစစ် ဌာနချုပ်တည်ရှိရာပြည်နယ်မြို့တော်
စစ်တွေကို စစ်ရေးအရခြိမ်းခြောက်ထားပါတယ်။
အဲဒါကြောင့် စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊ ကင်းလှည့်တာတွေ အဓိကပြုလုပ်နေတယ်လိို့ စစ်ကော်မရှင်ရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်ထားသလို ဗိုလ်ချုပ်အဆင့်ရေတပ်အရာရှိကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည်တထောင်နီးပါးထိအင်အားဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကော်မရှင်တပ်စစ် သည်ငါးရာထိအင်အားဖြည့်ထားသလိုရေတပ်စစ်သင်္ဘောကြီးတွေလည်း ထပ်
ဖြည့်ထားတယ်လို့ ဆိုကြပါတယ်။
အဲဒီရေတပ်အထိုင်တပ်ရင်းတွေမှာဒရု န်းတပ်ဖွဲ့တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်းထောက်တာတွေနေ့စဥ်ပြုလုပ်ကြသလို ဒရုန်းဗုံးချတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေကြတယ်လို့ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှာ စစ်ရေယာဥ်ကြီးငယ်သုံးဆယ့်ငါးစင်းသာရှိခဲ့ပေမယ့် အစင်းရေငါးဆယ်ထိအင်အားဖြည့်ထားသလို ဒရုန်းအထူးတပ်ဖွဲ့တွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြည့်တင်းထားပြီး ကမ်းတက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊ လက်နက်၊ ရိက္ခာဖြည့်တင်းထားတယ်လို့စ စ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“နေဗီတွေက ဒရုန်းနဲ့ကင်းထောက်ပြီးလက်နက်ကြီးပစ်ကူအားကိုယူမယ်။က မ်းတက်စစ်ဆင်ရေးနဲ့တချို့မြို့တွေကိုပြန်သိမ်းမယ်။ကြည်းရေလေတန်ပြန်စစ်ဆင်ရေးလုပ်မယ်။ရေတပ်ကိုအဓိ ကထားပြီးကမ်းတက်စစ်ဆင်ရေးနဲ့ပြန်သိမ်းမယ်။ ရေတပ်အင်အားကို အများဆုံးဖြည့်ထားတယ်။” လို့ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှရေတပ်အ ရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုအပါအဝင်စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်၊စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံတပ်တွေစုပေါင်းပြီး စစ်တွေမြို့နယ်ကုန်း၊ရေနှစ်ခုမှာစစ်ကော်မရှင်တပ်အင်အားတသောင်းကျော်ခန့်ထိဖြည့်တင်းထားပြီးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက် ခိုက်တာတွေတပြိုင်းတည်းပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေသလို ရေပြင်၊ဝေဟင်အသုံးပြုနိုင်ဖို့ အိမ်နီး ချင်းနိုင်ငံတချို့ကိုလည်း သံတမန်ရေးအရဆက်ဆံပြီး သဘောတူညီမှုတွေရ ယူထားတာတွေရှိနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။
“လာမယ့်ရွေးကောက်ပွဲမတိုင်းခင်မှာ စစ်ကော်မရှင်တပ်က အေအေသိမ်းထားတဲ့နေရာတွေကို သွေးတိုးစမ်းထိုးစစ်ဆင်ကြည့်မှာသေချာနေပါတယ်။ အေအေကဘယ်လောက်ပြင်ဆင်ထားပါသလဲ။ ပြည်သူတွေကိုအသိပေးပြီးဘ ယ်လောက်ပြင်ဆင်ထားသလဲအပေါ်မူတည်ပါမယ်။ စစ်ကော်မရှင်းကရေတပ်ကိုအဓိကသုံးမှာသေချာပါတယ်။ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့သ ဘောတူညီမှုတွေယူထားပြီးလို့ခန့်မှန်းရပါတယ်။” လို့ နိုင်ငံရေးအကဲခတ်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အတွက်စစ်သည်၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးထိုးစစ်အတွက် စစ်ကော်မရှင်တပ်က အင်အားသုံးသောင်းထိဖြည့်တင်းထိုးစစ်ဆင်မယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒရုန်းကင်းထော က်၊လက်နက်ကြီးပစ်ကူယူပြီး မောင်တောမြို့နယ်ကို အဓိကပြန်လည်းထိုးစစ်ဆင်သိမ်းယူမှာဖြစ်သလို ကုလားတန်စီးမံကိန်းလမ်းကြောင်းတလျှောက်
ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝစတဲ့မြို့နယ်တွေကို ပြန်လည်သိမ်းယူဖို့ကြိုးစားပြင်ဆင်နေသလို သံတွဲမြို့နယ်ကိုလည်း ပြန်လည်သိမ်းယူဖို့ ပြင်ဆင်ထားပြီလို့ စစ်ကော်မရှင်တပ်အသိုင်းအ ဝိုင်းက အတည်ပြုပြောကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ် ထားတဲ့သံတွဲနဲ့ဂွအနီးပင်လယ်ပြင်မှာလည်း စစ် သင်္ဘောတွေသွားလာလှုပ်ရှားမှုတွေပိုမိုတွေ့မြင်လာရပြီး ကင်းထောက်လေ ယာဉ်တွေ လှည့်ပတ်ပျံဝဲကင်းထောက်
တာတွေကို ခုရက်တွေအတွင်း ခပ်စိပ်စိပ်ပိုမိုပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရော က်လာနိုင်တဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ရ သေ့တောင်မြို့နယ်အနီးအနားနေရာအားလုံးမှာရေတပ်စစ်သင်္ဘောတွေ၊အ ထိုင်ခံစစ်တွေပြုလုပ်ပြီးအင်အားထော င်ချီဖြည့်တင်းခံစစ်ပြုလုပ်ထားပြီမို့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့မလွယ်တော့ဘူးလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့်စစ်ကော်မရှင်တပ်ရဲ့ကြည်း၊ ရေ၊ လေပူးပေါင်းထိုးစစ်ဆင်တိုက်ခိုင်ပြန်သိမ်းနိုင်မယ့်ပုဏ္ဏားကျွန်းမြို့နယ်ဟာ စစ်ကော်မရှင်တပ်ပထမဆုံးပြန်သိမ်းဖို့ထိုးစစ်ဆင်မယ့်မြို့နယ်ဖြစ်နိုင်တာမို့အရပ်သားးပြည်သူတွေ၊ စစ်ဘေးရှောင်တွေ ကြိုတင်ပြင်ဆင်သတိထားသင့်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။






