Border News Agency
နမ့်ဆန်၊ အောက်တိုဘာ ၂၂။
နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ ဝါယာကြိုးရှော့ဖြစ်လို့ အောက်တိုဘာ လ ၂၀ ရက်နေ့၊ နေ့လယ် ၂နာရီခွဲအချိန်မှာ နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေအိမ်ဟာ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာ ရပ်ကွက် ၄က ဦး အိုက်ထူးရဲ့နေအိမ်ဖြစ်ပြီး လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုကြောင့် နေအိမ်အတွင်းက ဆိုင်ကယ်တစီး၊ စက်ဘီးနှစ်စီးနဲ့ အိမ်သုံးပစ္စည်းတွေ အိမ်တဆောင်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းသိန်းခုနှစ်ဆယ်တန်ဖိုးခန့်ရှိတယ်လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာလည်း စက်တင်ဘာလ ၁၂ရက်နေ့က ကျောင်းသားတွေနေထိုင်တဲ့ နှစ်ထပ်ဆောင်လျှပ်စစ် ဝါယာကြိုးရှော့ဖြစ်လို့ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။






