Border News Agency
မောင်တော၊ အောက်တိုဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ – ဘင်္ဂလာနယ်စပ်မှာ အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်လိုက်လံရှင်းလင်းနေတယ်လို့ အောက်တိုဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလာနယ်စပ်မှာ အကြမ်းဖက်သမားတွေ အကြမ်းဖက်သတ်ဖြတ်လို့ ခရီးသွားပြည်သူတွေ သေဆုံး
ဒဏ်ရာကြောင်းကို အောက်တိုဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီမောင်တောမြို့နယ်မှာ အရပ်သားပြည်သူတွေကို ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်ပြီး အကြမ်းဖက်သမားတွေ ထွက်ပြေးနေကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်၊ မြိုယုရွာအရှေ့ဘက်တံတားအနီးမှာ အောက်တိုဘာလ ၂၂ ရ က်၊ မနေ့က ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လို့အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ တောင်ပြို – ကြိမ်ချောင်းကားလမ်းမှာလည်း အောက်တိုဘာလ ၂၁ ရက်နေ့က လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လို့ တဦးသေပြီး တဦးဒဏ်ရာရသွားပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာမို့ ပြည်သူတွေသေဆုံးဒဏ်ရာ ဖမ်းဆီးခံရတာတွေ မကြာခဏခံနေကြရပါတယ်။
အဲဒါကြောင့် ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးပြီး ပြည်သူ့လုံခြုံရေးအတွက် လက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ နယ်စပ်ဒေသနေအာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရပ်သားပြည်သူတွေကို အကြမ်းဖက်မှုတွေ မကြာခဏကျူးလွန်နေကြပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်မှာ မူးယစ်ဆေးဝါးသယ်ယူဖြန့်နေကြတာတွေ ပိုမိုများပြားနေပြီး မူးယစ်ဆေးဝါးအများစုကို လက်နက်ကိုင်အကြမ်းဖက်သမားတွေ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သယ်ပို့ပေးနေကြတာမို့ အချင်းချင်းလုပ်ကြံ သတ်ဖြတ်လိုက်ကြတာတွေ ရှိနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကို ဆောင်ရွက်နိုင်ဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလည်း အလွန်အရေးကြီးနေသလို နယ်စပ်လုံခြုံရေးကို အထိရောက်ဆုံးကိုင်တွယ်ကာကွယ်သင့်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။






