Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၂၃။
စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလအတွင်း အသက်မပြည့်သေးတဲ့ ကလေးနှစ်ဆယ့်ရှစ်ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အောက်တိုဘာလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ နိုင်ငံတဝှမ်းမှာ အသက်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးဆယ့်ငါးဦးနဲ့ ယောကျာ်းလေးဆယ့်သုံးဦး၊ စုစုပေါင်းနှစ်ဆယ့်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မှာရှစ်ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူနှစ်ဆယ့်ရှစ်ဦးထဲမှ နှစ်ဆယ့်သုံးဦးဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်လို့ သေဆုံးခဲ့ရတာပါ။
မိုးကုတ်မြို့နယ်၊ ကန်တော်ရပ်ကွက်ကို ဖူဆယ်ဘောလုံးကွင်းအနီးကို အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်သုံးဦးသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ထိ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ခုနှစ်ထောင့်သုံးရာကိုးဆယ် ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း နှစ်သောင်းကိုးထောင်ရှစ်ရာ ငါးဆယ်လေးဦးရှိခဲ့ပြီး နှစ်သောင်းနှစ်ထောင်ငါးရာလေးဆယ်လေးဦး ထိန်းသိမ်းခံထားရကာ တသောင်းတထောင့်နှစ်ရာလေးဆယ်ငါးဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။






