Border News Agency
မန္တလေး၊အောက်တိုဘာ ၂၄။
မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄ – ၁၀ က အောက်တိုဘာလ ၂၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အပါအဝင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်ကမှအောက်တိုဘာလ ၁၂ ရက်ထိ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနွားထိုးကြီးမြိုနယ်၊ ရန်ကင်းဘုရားအနီးမြိုင်သာကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က အင်အားနှစ်ရာခန့်ရှိတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖက်က လက်နက်ကြီးပစ်ကူတွေသုံးရင်း ကျေးရွာထဲထိ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ပေမယ့် စစ်ကော်မရှင်တပ်ဖက်က ဗိုလ်ကြီးတဦးအပါအဝင် ခုနှစ်ဦးသေဆုံးကာ အလောင်းတလောင်းနဲ့ MA – 5 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နွားထိုးကြီးမြို့နယ်၊ ဒိုင်းလည်ရွာအနီးကို အင်အားနှစ်ရာ့ငါးဆယ်ပါစစ်ကြောင်းကို အောက်တိုဘာလ ၁ ရက်နေ့က မြင်းခြံခရိုင်တပ်ရင်း အမှတ် ၄ – ၁၀၊ မြစ်သား ပကဖနဲ့ မြင်းခြံခရိုင် Drone တပ်ဖွဲပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်မှ ဆယ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရသွားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို မြင်းခြံခရိုင်အမှတ် ၄၊ ၁၀ တပ်ရင်းနဲ့အတူမြစ်သား ပကဖ နဲ့ တ ခြားမဟာမိတ်တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။








