Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၆။
စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောဟာ လာမယ့်ရွေးကောက်ပွဲအတွက် ကိုကိုးကျွန်းသို့ စည်းရုံးရေးဆင်းခဲ့တယ်လို့ အောက်တိုဘာလ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့တွေနဲ့ တွေ့ခဲ့တာပါ။
စစ်ကော်မရှင်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးစနစ်တကျနဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း အောက်တိုဘာလ ၁၈ ရက်နေ့က ကိုကိုးကျွန်းကို သွားခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာမှာ ဒေသ၊ နိုင်ငံအကျိုးအမှန်တကယ် လိုက်နာစောင့်ထိန်းနိုင်သူ၊ တို့တာဝန်အရေးသုံးပါးလိုက်နာစောင့်ထိန်းသူ၊ နိုင်ငံရေး၊ စီးပွားရေးကာကွယ်ရေးအမြင်ရှိသူ ရွေးချယ်သွားမယ်လို့ဆိုပါတယ်။
ဦးညိုစောဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကဝင်ပြိုင်မှာပါ။






