Border News Agency
အမ်း၊ အောက်တိုဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အမ်းမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီအမ်းမြို့၊ မြို့ဟောင်းရပ်ကွက်က အသက်းကိုးနှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဒဏ်ရာရသွားတာပါ။
အဲဒီအမ်းမြို့ကို အောက်တိုဘာလ ၂၆ ရက်၊ ဒီနေ့ညနေ ၃ နာရီအချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီဗုံးနှစ်လုံးထဲက ပထမတလုံးမှာ အမ်းမြို့၊ မြို့ဟောင်းရပ်ကွက်က ဆလိုင်းသိန်းဇော်သန်းရဲ့ နေအိမ်ပေါ်သို့တိုက်ရိုက်ကျရောက်ပေါက်ကွဲပြီး ကျည်စထိဒဏ်ရာရသွားတာလို့ဆိုပါတယ်။
အဲဒီဆလိုင်းသိန်းဇော်သန်းဟာ ဆေးကုနေတယ်လို့ ဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်ကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့၊ မနေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သိုင်းချောင်းကျေးရွာသားနှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။






