Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၈။
မြန်မာနိုင်ငံမှာ ရခိုင်ကအမျိုးသမီးငယ်တွေဟာ အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြုမှုနှုန်း အမြင့်ဆုံးမှာရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်ကောက်ယူခဲ့တဲ့ ၂၀၂ ၄ ခုနှစ်၊ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။
အဲဒီလူဦးရေဆိုင်ရာအချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာတဲ့အချက်အလက်တွေအရ အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြုသူအမျိုးသမီးရာခိုင်နှုန်းဟာ တခြားဒေသတွေထက် ရခိုင်မှာသိသာစွာမြင့်နေတယ်လို့ ဆိုပါတယ်။
အဲဒီမှာလူမှုရေးနဲ့ ကျန်းမာရေးဆိုင်ရာ လေ့လာဆန်းစစ်ချက်တွေမှာလည်း ရခိုင်ဟာ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အိမ်ထောင်ပြုပြီး အမျိုးသမီးတွေဟာ ကလေးမွေးဖွားနှုန်းအမြင့်ဆုံးမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီကလေးမွေးဖွားနှုန်းဟာ တဦးလျှင်ပျမ်းမျှ ၃.၂ ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပျမ်းမျှမွေးဖွားနှုန်း ၂.၂ ဦးထက်များစွာပိုများနေတယ်လို့ ဆိုပါတယ်။
အဲဒီအသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြုတာဟာ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်လို့ မိခင်နဲ့ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဓိကအချက်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ရခိုင်ဟာမြန်မာနိုင်ငံမှာ မိသားစုအရွယ်အစား အကြီးဆုံးဒေသတခုဖြစ်ပြီး တအိမ်ထောင်မှာ ပျမ်းမျှ လူဦးရေမှာ ၅.၁ ဦးရှိတယ်လို့လည်း သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။
အဲဒီအချက်အလက်တွေဟာ ရခိုင်ရဲ့ လူမှုစီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အထူးဂရုပြုဆောင်ရွက်ဖို့လိုအပ်နေတာတွေကို မီးမောင်းထိုးပြနေတာလို့ဆိုပါတယ်။
အဲဒီငယ်ရွယ်သူတွေ အိမ်ထောင်ပြုတာ လျော့ကျစေဖို့နဲ့ မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ဖို့အတွက် ပညာပေးလုပ်ငန်းတွေနဲ့ လူမှုဖူလုံရေးအစီအစဉ်တွေကို တိုးလုပ်ဖို့လိုတယ်လို့လည်း ထောက်ပြထားပါတယ်။






