Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၂၉။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့မိုးမိတ်နှစ်မြို့ကို ပြန်ပေးရမယ်လို့ TNLA ထုတ်ပြန်ပါတယ်။
အဲဒီပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နဲ့ စစ်ကော်မရှင်ရဲ့အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ရေးကောင်စီကြား အပစ်ရပ်သဘောတူညီချက်ကြောင်းဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာလ ၂၇ရက်နေမှ၂၈ ရက်နေ့ထိပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။
PSLF/TNLAအဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကဦးဆောင်ပြီး စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ခဲ့တာလို့ဆိုပါတယ်။
အဲဒါကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့(၀၀း၀၀)နာရီကစပြီး နှစ်ဖက်တပ်ဖွဲ့တွေဟာ ရောက်နေရာမှာအပစ်ရပ်ရမယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ကလည်း တအာင်းဒေသတွေမှာ လေယာဉ်တိုက်ခိုက်တာတွေ ဆက်မလုပ်ရဘူးလို့ ဆိုပါတယ်။






