Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၃၁။
မိုးကုတ်မြို့ကိုကာကွယ်ဖို့နဲ့တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ပြီး အတူတကွလက်တွဲတိုက်ပွဲဝင်ကြဖို့ မိုးကုတ်ဗျူဟာက အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ဖိတ်ခေါ်လိုက်ပါတယ်။
နွေဦးတော်လှန်ရေးခရီးမှာ တော်လှန်ရေးရဲဘော်တွေဟာ သွေး၊ ချွေး၊ အနစ်နာခံမှုတွေနဲ့ တော်လှန်ရေးရဲ့အင်အားကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ရဲဘော်တွေရဲ့အတွေ့အကြုံ၊ စွမ်းရည်၊ တော်လှန်ရေးပေါ်ထားရှိတဲ့စေတနာတွေကို မိုးကုတ်ဗျူဟာအနေနဲ့ အမြဲတန်ဖိုးရှိနေမှာဖြစ်တာကြောင့် တော်လှန်ရေးရဲ့ခွန်အားတရပ်လို မိုးကုတ်ဗျူဟာနဲ့အတူ ပြန်လည်လက်တွဲတိုက်ပွဲဝင်ကြရန် နွေးထွေးစွာဖိတ်ခေါ်တယ်လို့ဆိုပါတယ်။
မိုးကုတ်ဗျူဟာအနေနဲ့ MOD ရဲ့ တရားဝင်တပ်ဖွဲ့ ဖြစ်တာကြောင့် သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေဟာ အကြောင်းအရာထုတ်ပြန်တဲ့နေ့မှစပြီး တပတ်အတွင်း ပြန်လည်တာဝန်ထမ်းမယ့်အကြောင်း သတင်းပို့ချိတ်ဆက်ဆောင် ရွက်ရပါမယ်လို့ဆိုပါတယ်။
ခရီးလွန်နေတဲ့ရဲဘော်တွေအနေနဲ့ လူကိုယ်တိုင်လာရောက်ချိတ်ဆက်နိုင်မယ့် ရက်သတ်မှတ်ပြီး၊ သတ်မှတ်ရက်တပတ်အတွင်း သတင်းပို့ချိတ်ဆက်လာပါက စည်းမျဥ်းစည်းကမ်းတွေအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာတဲ့ ရဲဘော်ရဲ့နောင်တနဲ့ဆန္ဒပြင်းပြမှုကို အလေးထားစဥ်းစားပေးမယ်လို့လည်းဆိုပါတယ်။
သတ်မှတ်ရက်ကျော်လွန်တဲ့ထိ ဆက်သွယ်ချိတ်ဆက်လာတာမရှိတဲ့ ရဲဘော်တွေဟာ တရားဝင်တပ်ပြေးအဖြစ်ကြေညာတာခံရမှာဖြစ်ပြီး MOD မှ ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာတပ်ပြေးမူ ဥပ ဒေအရပြစ်ဒဏ်ခံယူရမယ်လို့ဆိုပါတယ်။







Comments 1
дарій ім’я