ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှကနိုဝင်ဘာလ ၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့အမှတ် ၅၉၀ ခြေမြန်တပ်ရင်းက အောက်တိုဘာလ ၃၁ ရက်၊ ညနေ ၇ နာရီကျော်အချိန်ကအောင်ချမ်းသာကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အောင်ချမ်းသာကျေးရွာမှ အသက်ငါးဆယ်ရှစ်နှစ်အရွယ်အမျိုးသားတဦးဒဏ်ရာရသွားပြီး နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြာင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာသူတွေလည်း နေ့စဥ်ရှိလာနေပါတယ်။






