Border News Agency
စစ်တွေ၊နိုင်ဝင်ဘာ ၁၀။
စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွင်း ရခိုင်က အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မှာ ကိုယ်စားလှယ်လောင်းဆယ့်ငါးဦးဝင်ပြိုင်ပါမယ်။
အဲဒီမဲအများဆုံးရသူအနိုင်ယူစနစ်ကို မဲဆန္ဒနယ်အမှတ် ၁၊၂၊၃၊၆ လို့ သတ် မှတ်ထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ရခိုင့်ဦးဆောင်ပါတီ၊ရ ခိုင်တိုင်းရင်းသားများပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဝင်ပြိုင်မှာပါ။
အဲဒီမဲဆန္ဒနယ်လေးခုမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ် စားလှယ်လောင်းလေးဦး၊ရခိုင့်ဦးဆော င်ပါတီကကိုယ်စားလှယ်လောင်းလေးဦး၊ရခိုင်တိုင်းရင်းသားများပါတီက ကို ယ်စားလှယ်လောင်းလေးဦး၊ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်းနှစ်ဦး၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတဦး၊စုစုပေါင်းတဆယ့်ငါးဦးဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၁ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဒေါက်တာခင်စိုး၊ ရခိုင့်ဦးဆောင်ပါတီကဦးမင်းမင်းထွန်း၊ ရခိုင်တိုင်းရင်းသားများပါတီကဦးတင်ညို၊ပြည်သူ့ရှေ့ဆောင်ပါတီကဦးတင်ထက်လှိုင်ဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ်၂ မှာ ပြည်ထော င်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးမြလင်း၊ ရခိုင့်ဦးဆောင်ပါတီကဦးတင်ထွန်း၊ ရခိုင်တိုင်းရင်းသားများပါတီက ဦးဘရှိန်ဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၃ မှာ ပြည်ထော င်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးသ န်းထွန်း၊ရခိုင့်ဦးဆောင်ပါတီကဒေါက် တာအေးမောင်၊ရခိုင်တိုင်းရင်းသားများပါတီကဦးအောင်မြတ်သူ၊ပြည်သူ့ရှေ့ ဆောင်ပါတီကဦးဆွေဆန်းဦး၊မြိုတိုင်း ရင်းသားဖွံ့ဖြိုးရေးပါတီကဒေါ်ညိုမာဝင်းဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၆ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးသောင်းဝင်း၊ရခိုင့်ဦးဆောင်ပါတီက ဒေါ်ခင်ခင်နွယ်၊ရခိုင်တိုင်းရင်းသားများပါတီက ဦးသိန်းမြင့်ဝင်ပြိုင်ကြမှာပါ။
အဲ့ဒီရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ လ ၂၈ ရက်နေ့ပြုလုပ်မှာဖြစ်ပြီး စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့န ယ်အပါအဝင် အာရက္ခတပ်တော်ထိန်း ချုပ်ထားတဲ့သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွစတဲ့လေးမြို့နယ်မှာလည်း ပြုလုပ်မယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ထားပါတယ်။
ရခိုင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားပါ တီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ရ ခိုင်တိုင်းရင်းသားများပါတီ၊ရခိုင့်ရှေ့ ဆောင်ပါတီ ရှိကြပါတယ်။






