Border News Agency
ကိုးကန့်၊ နိုဝင်ဘာ ၁၀။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ စစ်ဦးစီးဌာနချုပ်ရှိ စစ်ရေးနည်းပြလေ့ကျင့်ရေး ဦးစီးဌာနကအပတ်စဉ် ၂ စစ်မှုထမ်းတပ် သားသစ်ပတ်ခွဲ ၁ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၈ ရက်နေ့လုပ်ခဲ့ပါတယ်။
အဲဒီမှာ သင်တန်းသားနှစ်ရာကျော် တက်ခဲ့ကြပြီးရက်ပေါင်းတရာနှစ်ဆယ်ကြာ သင်တန်းထူးချွန်သင်တန်းသားတွေကို ဂုဏ်ပြုလက်မှတ်တွေပေးခဲ့ ကြပါတယ်။
အဲဒီမှာ ထူးချွန်သင်တန်းသားတွေဟာ “ ရက်ပေါင်းတရာ့နှစ်ဆယ်ကြာစစ်သင်တန်းဟာ စိတ်ဓာတ်နဲ့ ကျွမ်းကျင်မှုတိုးတက်စေတဲ့ အခြေခံအဆင့်” လို့ ဆိုပါတယ်။
အဲဒီသူတွေကို ကိုးကန့်တပ်ရဲ့ တည်ဆောက်ရေးနဲ့ နယ်မြေဖွံဖြိုးရေးအတွက် တာဝန်ယူမှုရှိရှိဆောင်ရွက်ဖို့၊ စစ်သားအဖြစ်ဂုဏ်သိက္ခာနဲ့ ယုံကြည်စိတ်ကိုထိန်းသိမ်းဖို့တိုက်တွန်းခဲ့ပါတယ်။













