Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။
ရုရှားရေတပ်မှ စစ်ရေယာဥ်သုံးစီးဟာ ရန်ကုန်မြို့သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ စစ်ကော်မရှင်တပ်ရဲ့အ မျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကော င်စီမှ နိုဝင်ဘာလ ၁၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရရှားရေတပ်မှ Pacific Fleet က စစ်ရေယာဉ်အမျိုးအစားသုံးစင်းဟာနိုဝင်ဘာလ ၁၀ရက်၊ ဒီနေ့ ညနေပိုင်းက ရောက်နေတာဖြစ်ပါတယ်။
အဲဒီစစ်ရေယာဉ်သုံးစင်းဟာ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြော င်းလုံခြုံရေးလေ့ကျင့်ဖို့နဲ့ ချစ်ကြည် ရေးခရီးရလာတာလို့ ဆိုပါတယ်။
သူတို့ဟာ ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေကို သွားလေ့လာလည်ပတ်တာ၊နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြု လေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။






