Border News Agency
မြိတ်၊ နိုဝင်ဘာ ၁၆။
မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ သူးလေပလောကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ သူးလေပလောကျေးရွာကို စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာလ ၁၆ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီ ၅၄ မိနစ်အချိန်မှ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူးလေပလောကျေးရွာကို ရွယ်ရည်ချက်ရှိရှိ လေကြောင်းမှ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့ပေမယ့် အရပ်အထိအခိုက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာဏာဆက်လက်တည်မြဲဖို့အတွက် သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပန်းနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေဖြစ်တဲ့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာဒေသတွေမှ ပြည်သူလူထုတွေကို အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။






