Border News Agency
မကွေး၊ နိုဝင်ဘာ ၁၈။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားတယ်လို့ ယောအလင်းတန်းမှ နိုဝင်ဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတောင်ခင်ရန်းကျေးရွာကို နိုဝင်ဘာလ ၁၈ ရက်နေ့ညက စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးသေဆုံးပြီး အမျိုးသားငါးဦးနဲ့အမျိုးသမီးသုံးဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်လူနေအိမ်တွေမှာမွေးမြူထားတဲ့ နွားရှစ်ကောင်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်နေတာကြောင့် ယောနယ်ဒေသတွင်းကပြည်တွေအနေနဲ့ ကြိုတင်သတိထားနေထိုင်ကြဖို့ အသိပေးထားပါတယ်။






