Border News Agency
ပလက်ဝ၊ နိုဝင်ဘာ ၂၀။
ပလက်ဝမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)မှ နိုဝင်ဘာလ ၁၉ ရက်၊ မနေ့ကဖမ်းဆီးခဲ့ပါတယ်။
အဲဒီပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာမှ အမျိုးသားတဦးဟာ အသက်ဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးရွာမှ အသက်လေးဆယ်ခြောက်နှစ်အရွယ် ဦးထွန်းလှိုင်ဟာ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က သူမကိုရွာရဲ့မြောက်ဖက်ရှိ တောစပ်သိုဆွဲခေါ်ကာသုံးကြိမ်ထိ အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ဖခင်ဖြစ်သူဟာ နိုဝင်ဘာလ ၉ ရက်နေ့က အာရက္ခတပ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS)ကို အရေးယူပေးဖို့တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတရားခံဦးထွန်းလှိုင်ကို DLEPSအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့၊ ည ၈ နာရီအချိန်မှာ သူရဲ့နေအိမ်မှဖမ်းဆီးစစ်ဆေးဖို့သွားရာ ဓားနဲ့ပြန်တိုက်ခိုက်ခဲ့ပေမယ့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အတင်းအဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ကို ဆေးစစ်ဖို့ခေါ်ထားပြီး တရားခံဦးထွန်းလှိုင်ကို သက်ဆိုင်ရာ DLEPS ဌာနမှ အမှုအမှတ် (ပ)၄၆ /၂၀၂၅ ပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။






