Border News Agency
မင်းတပ်၊ နိုဝင်ဘာ ၂၂။
ချင်းပြည်၊ မင်းတပ်မြို့နယ်က မင်းတပ်-မတူပီကားလမ်းတနေရာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမင်းတပ်-မတူပီကားလမ်း ၂၂ မိုင်လမ်းခွဲနေရာကို နိုဝင်ဘာလ ၂၂ ရက်၊ ဒီနေ့ညနေ ၃ နာရီအချိန်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင်ပွိုင့်ဖိုက်တွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် မင်းတပ်-မတူပီ ကားလမ်းတချို့၊ လူနေအိမ်နဲ့ကားတွေ ပျက်စီးသွားပါတယ်။
အဲဒီတီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်းပေါ်က ထုတ်လိုင်ရွာကိုလည်း နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်က်ခိုက်မှုအတွင်း ဘုရားကျောင်းနဲ့စာသင်ကျောင်းပျက်စီးသွားခဲ့ပါတယ်။
ချင်းပြည်မှာ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုဆယ့်သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေနှစ်ရာကျော်အသုံးပြုခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ထားပါတယ်။






