အင်တာဗျူး
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပါအဝင် အဝတ်အထည်တွေ၊ ဆေးဝါးအကူအညီတွေလိုမပ်နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်မှစစ်ဘေးရှောင်အမျိုးသမီးတဦးကို Border News Agency က မေးမြန်းထားပါတယ်။
“ဘုန်းကြီးကျောင်းမှာနေပါတယ်။ စာနပ်ရိက္ခာ အခက်အခဲတွေနဲ့ကြုံတွေရပါတယ်။ စားဖို့မရှိသွားလုပ်ရင်အဆင်မပြေသွားလုပ်ရင်တရက်ကိုငါးထောင်ရပါတယ်။ ငါးထောင်မရတဲ့နေ့ကများပါတယ်။ အဲဒီလိုကြုံတွေ့နေရပါတယ်။”
“လက်ရှိအချိန်မှာ အမျိုးမျိုးလုပ်နေရပါတယ်။မုန့်ရောင်းတဲ့အခါရောင်း၊ဟိုဖက်ကမ်းကိုပတ်လို့မုန့်တွေရောင်းရင်ရောင်းရပါတယ်။အဲဒီတော့အဆင်မပြေပါဘူး။ရောင်းမကုန်ပါဘူး။ရောင်းမကုန်တော့ ရွာတွေမှာထပ်ပြီးပတ်လို့ရောင်းပါတယ်။ အမျိုးမျိုးနဲ့ကြုံတွေ့နေရပါတယ်။”
“အကူအညီမှာ စောင်တွေ၊ခြင်ထောင်တွေ၊ စားရေးသောက်ရေးတွေအားလုံးအဆင်မပြေပါဘူး။ရှိတဲ့ဟာတွေနဲ့ အဆင်ပြေအောင်နေပါတယ်။ မရှိရင်ရှိတဲ့ဟာတွေနဲ့ကိုယ့်မှာ လောက်ငှအောင် ခြုံနေရပါတယ်။ ပါလာတာတွေကလည်းတခုမှမပါဘူး။ အိမ်မှာကျန်ခဲ့ဟာတွေလည်းအားလုံးအကောင်းစားတွေ အားလုံးကျန်ခဲ့ပါတယ်။ အဲဒီတော့ဟောင်းနေတဲ့ဟာလေးတွေကိုယူခဲ့ပါတယ်။”
“ခဏလေးဆိုပြီးတော့…ဒါပေမယ့်ခုကနှစ်နှစ်ကျော်နေပါပြီ။ နှစ်နှစ်ရှိပါပြီ။ အိမ်မှာအကောင်းအကောင်းချန်ခဲ့ပါတယ်။ အားလုံးအဟောင်းလေးတွေနဲ့လောက်ငှအောင်နေရပါတယ်။ အဟောင်းတွေနဲ့ ခုနောင်တရပါတယ်။ အသစ်လေးတခုတောင်မယူခဲ့ရဘူးဆိုပြီးတော့…။ ဟောင်းလေးတွေနဲ့ဝယ်ဖို့ကလည်း အဆင်မပြေပါ။ စားဖို့လည်း ဝယ်ဖို့လည်းအဆင်မပြေပါဘူး။အမျိုးမျိုးအခက်အခဲတွေပါ။”






