Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၂၅။
ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ တောင်ကြီးရင်းရွာနဲ့ချောင်းဖျားရွာကို နိုဝင်ဘာလ ၂၅ ရက်၊ ဒီနေ့ ၁၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရသွားပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ချောင်းဖျားရွာမှာ စစ်ဘေးရှောင်နေတဲ့အသက်လေးဆယ်ရှစ်နှစ်အရွယ် အမျိုးသားတဦးဒဏ်ရာရသွားတာပါ။
အဲဒီအပြင် နွားတကောင်သေဆုံးပြီးနွား တကောင်နဲ့ဝက်နှစ်ကောင်ဒဏ်ရာရသွားပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်ကြားတိုက်ပွဲတွေဖြစ်နေပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ဟာ ကြည်း၊ ရေ၊ လေပူးပေါင်းပစ်ခတ်ခုခံနေသလို အရပ်သားနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။






