Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဆယ်ငါးဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၆ ရက်၊ ဒီနေ့ထု တ်ပြန်ပါတယ်။
ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှထွက်လာတဲ့ ဗိုလ်ကြီးဆန်းညွန့်ထွန်း ဦးဆောင်တဲ့စစ်ကော်မရှင်စစ်ကြောင်းဟာ နိုဝင်ဘာလ ၂၃ ရက်နေ့က ပုဏ္ဏားကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်မီးရှိနေချိန် အမှတ်၂ ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၇တပ်
ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ ၊ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် ၂ ရွှေဘိုခရိုင် Drone အဖွဲ့အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၇ Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Droneအဖွဲ့ နဲ့ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်မှ သုံးဆယ့်ငါးဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကြောင်းပျက်ကာ စိုင်နိုင်ကွေ့ခွေးခြံသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ လည်းဆိုပါတယ်။
နောက်ပြီးစစ်ကော်မရှင်ဘက်မှ MA1 ဆယ့်တလက်၊ MA2သုံးလက်၊ MA3ဆယ်လက်၊ ငါးကြင်းမှီးနှစ်လက်၊ RPGတလက်၊ စနိုက်ဘာတလက်၊ BA100စိန်ပြောင်း သုံးလက်၊ BA90စိန်ပြောင်းတလက်၊ ဂျန်ဘာတလုံး၊ ကျည်ဘောက်ဆယ့်ခြောက်ခုနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။






