Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအားရိုက်ချိုးခြင်း – ၂

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
မြဝတီ၊ နိုဝင်ဘာ ၃၀။

ခရစ်တိုငွေကြေးနှင့်ဒီဂျက်တယ်ငွေပေးချေမှုစနစ်က မျှော်မှန်းနိုင်သည်ထက်ပင် ပို၍ ကျယ်ပြန့်လာခဲ့သည်။ ထိုအခြေအနေအား အွန်လိုင်းလိမ်လည်မှုက အသုံးချသွားသည်။

ကွန်ပြူတာ၊ ဖုန်းမျက်နှာပြင်ကိုဖြတ်သန်း၍မကောင်းသောရည်ရွယ်ချက်ဖြင့်ဖောက်ထားသည့်ဘဏ်အကောင့် (mule bank account)များ၊ အွန်လိုင်းငွေကြေးဖလှယ်မှု(virtual currency) များ၊အမျိုးမျိုးသောခရစ်တိုငွေပေးချေရေးအက်ပလီကေးရှင်းများ၊ ခရစ်တိုနှင့် ငွေသားရောထွေးငွေကြေးစုဆောင်းသိုလှောင်မှုများ၊ ကြားပွဲစားများမှ ငွေမဲမှငွေဖြူပြောင်းလဲမှုများ၊ ထိုမှတဆင့်တရားဝင်ဘဏ်လမ်းကြောင်းထဲသို့ ပြန်စီးဝင်မှုများ စသည့်အချက်များကို အသုံးချလည်ပတ်လာတော့သည်။

ထိုပလက်ဖောင်းများမှမဟုတ်တမ်းတရားဖြင့် ရှာထားသောငွေသည် စက္ကန့်မခြားနိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်၍ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများမှဖြတ်သန်းသွားနိုင်သည်။

ဤသို့ခေတ်ရေစီးကြောင်းတိုးတက်မှုက ရှေးဟောင်းနှောင်းဖြစ်လာဘ်စားလာဘ်ယူမှုကို အစားထိုးနိုင်သည့်မဟုတ်ပေ။ သို့သော်ရှေးဟောင်းနှောင်းဖြစ် လာဘ်ပေးလာဘ်ယူမှုကို ပိုမိုကျယ်ပြန့်စေသည်။ အရှေ့တောင်အာရှ၏စီးပွားရေးလမ်းကြောင်းပေါ်တွင် အဆိုပါတ ရားမဝင်ငွေကြေးများက ထုတည်နှင့် ဝညင်ရောက်လာပြီး ထိုမှတဆင့်ကမ္ဘာ၏ ခိုင်မာသောငွေကြေးစနစ်ထဲသို့ဝင်ရောက်သွားတော့သည်။

၂၀၂၃ ခုနှစ်ခန့်တွင် အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးသည် ကမ္ဘာကုန်ထု တ်လုပ်မှုတခု၏ ဗဟိုချက်များထဲမှတခုအပါအဝင်ဖြစ်လာခဲ့သည်။

ကုလသမဂ္ဂနှင့် ဒေသတွင်းနိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးအဖွဲ့များ ကအွန်လိုင်းဖြင့်ဆောင်ရွက်ရသောလုပ်ငန်းများမှ လူပေါင်းတသိန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းအဖြစ်ဖန်တီးပေးပြီး နှစ်စဉ်သန်းပေါင်းထောင်ကျော် လည်ပတ်နေနိုင်သည်ဟု ခန့်မှန်းထားသည်။

အွန်လိုင်းကို အခြေပြုသည့်သက်မွေးဝမ်းကျောင်းများ ကျယ်ပြန့်လာလေလေ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် သားကောင်များကလည်း ကျယ်ပြန့်လာလေပင်ဖြစ်သည်။ သားကောင်ရှာဖွေရေးက တရားစီရင်ရေးမှကင်းကွာအလှမ်းဝေးသည့်နေရာတွင်ရှိနေသည်။

ထိုပြင်အဆိုပါအွန်လိုင်းလိမ်လည်မှု၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စုဖွဲ့မှုများ၊ အစောင့်အရှောက်များ၊ စီမံခန့်ခွဲသူများကလည်း အရှေ့တောင်အာရှ၏ ဒေသတွင်းအာဏာပိုင်
များနှင့်နိုင်ငံတကာအရင်းအနှီးများဖြင့် ကာကွယ်ပေးထားရသောနိုင်ငံရေး၊ စီးပွားရေးပိုင်းတွင် ကုတ်တွယ်အမြစ်ကပ်လျှက်နေရာယူထားကြသည်။

နိုင်ငံအဆင့်ရာဇဝတ်မှုများနှင့်ဆက်စပ်လာခြင်း

ကမ္ဘောဒီယား

ကမ္ဘောဒီယားသည် အရှေ့တောင်အာရှအွန်လိုင်းစီးပွားရေး လုပ်ငန်းများ၏ ဗဟိုချက်ဖြစ်သည်။ ဆယ်စုနှစ်များအလွန်အာဏာယူထားသောကမ္ဘောဒီယားပြည်သူ့ပါတီ (Canbodia People Party)မှာ နိုင်ငံ၏အာဏာအား ပုဂ္ဂလိက စီးပွားရေးပုံစံမျိုးကိုင်တွယ်မှုဘက်ကို ရောက်နေသည်။ ခရိုနီတိုက်ကွန်းများ၊ စီးပွားရေးအား လက်ဝါးကြီးအုပ်ပေးသည့် ကန်ထရိုက်လုပ်ငန်းများ၊ ခရိုနီတိုက်ကွန်းနှင့် အာဏာပိုင်ကြား အပြန်အလှန်နိုင်ငံရေးအရအကာအကွယ်ပေးမှုများစသည့်အချက်များက ကမ္ဘောဒီးယားတွင် အားကောင်းသွားပြီဖြစ်သည်။

တရုတ်နောက်ခံ အိမ်ခြံမြေလုပ်ငန်းများ၊ ကာစီနိုလုပ်ငန်းများအတွက် မြေကို ထိုးပေးသည်။ ထိုသို့မြေကိုထိုးပေးသည့် အကျိုးအမြတ်နှင့်ကျွန်းသစ်ထုတ်ယူသည့် လုပ်ငန်းအကျိုးအမြတ်များပေါ်တွင် စီးပွားရေးကို အထိုင်ချထားသည်။ ထိုသို့ စီးပွားရေးကို အထိုင်ချထားနိုင်ရန် စီးပွားရေးမူဝါဒအား စစ်ပွဲကာလအတွင်းနှင့် ပဋိပက္ခလွန်ကာလ တည်ဆောက်ရေး ပုံစံထဲတွင်သာ တဝဲ လည်နေစေရန် ပုံစံချထားသည်။

ဤကား ကမ္ဘောဒီးယား(CPP)ပါတီ၏ စီးပွားရေးအကျင့်အကြံပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်လောက်တွင် အခြေအနေမဟန်မှန်းသိ၍(CPP)သည် အွန်လိုင်းလောင်းကစားမှုကို တရားဝင်တားမြစ်လိုက်သည်။ အော်ပရေတာတချို့အား ကမ္ဘောဒီးယားနယ်မြေမှကန်ထုတ်လိုက်သည်။ တိုက်ဆိုင်မှုက တဖက်တွင် အွန်လိုင်းစီးပွားရေးအော်ပရေတာများကို အရှိန်မြင့်လမ်းဖွင့်ပေးပြန်သည်။ အကျိုးဆက်က ဘာမှမထူးပေ။ အွန်လိုင်းလောင်းကစားမှုကို ပိတ်ပင်လိုက်ပြီး အွန်လိုင်းလိမ်လည်မှုကို လုပ်ခွင့်ပေးလိုက်သလိုဖြစ်လာသည်။

ဤသို့ဖြင့် ကမ္ဘာတဝှမ်းမှ လူကုန်ကူးခံရသည့်လုပ်သားအရင်းအမြစ်များဖြင့် ကမ္ဘာတဝန်းရှိ လူများကို ပစ်မှတ်ထားလိမ်လည်မှုကို ကျူးလွန်ကြတော့သည်။

၎င်းအော်ပရေတာများက အဆင့်မြင့်အကာအကွယ်များမရှိဘဲ လိမ်လည်နိုင်ကြသည်မဟုတ်ပေ။ အွန်လိုင်းလိမ်လည်မှုဆိုင်ရာပါဝင်ပတ်သက်မှုအဝိုင်းအဝန်းတွင် နိုင်ငံရေးနှင့်ဆက်နွယ်သူစီးပွားရေးသမားများ၊ နိုင်ငံခြားအော်ပရေတာများကို ကမ္ဘောဒီယားကနိုင်ငံသားဖြစ်ခွင့်ပေးထားပြီးဘွဲ့ထူးဂုဏ်ဒြပ်များပင် ပေးထားသေးသည်။

ဤဂုဏ်ဒြပ်အဆင့်များက စုံစမ်းထောက်လှမ်းရန်ဝန်လေးစေသည်။ ပွဲပြီးမီး သေကုန်ကြသည်။ ကမ္ဘောဒီယား မင်းသားအုပ်စုမှချန်ဇီ(Chen Zhi)မှာကား အကောင်းဆုံးပြယုဂ်ဖြစ်သည်။ အာဏာ၊ငွေကြေး၊ ပြစ်ဒဏ်မှလွတ်ကင်းမှုများနှင့် ဆက်စပ်မှုအတွက် ရှင်းလင်းလှသော ဥပမာတစ်ရပ်လည်းဖြစ်သည်ဟု အမေရိကန်နှင့်ဗြိတိန်က ယုံကြည်ထားသည်။ ချန်ဇီကားလက်ရှိကမ္ဘောဒီးယား ၏ စီးပွားရေးတွင်တရားမဝင်ငွေကြေးဖြင့် ရင်းနှီးမြုပ်နှံလျက် ကျယ်ပြန့်သော ခြေတံလက်တံများရှိနေပြီ။

ထိုကျယ်ပြန့်သော စီးပွားရေး ခြေတံလက်တံများသည် အွန်လိုင်းလိမ်လည်မှုကရသော ဘီလီယံချီ ခရစ်တိုငွေကြေးများကို နောက်ခံပြုထားသည်ဟု စုံစမ်းထောက်လှမ်းအရင်းအမြစ်များက ဆိုကြသည်။

ဤကား ကမ္ဘောဒီယား၏ အွန်လိုင်းလိမ်လည်မှု ဇာတ်ခုံလည်းဖြစ်သည်။ မြန်မာ၊ လာအိုနှင့် ဖိလစ်ပိုင်၏ဇာတ်ခုံများလည် ရှိသေးသည်။

မြန်မာ

ဆယ်စုနှစ်ကျော် ပြည်တွင်းစစ်နှင့်အာဏာစက်သူနယ်မြေနှင့်သူရှိနေမှုအပေါ်တွင်အွန်လိုင်းလိမ်လည်မှုက ပဋိသန္ဓေ ပြုလာသည်။ နယ်စပ်တလျှောက် လူမျိုးစုလက်နက်ကိုင်အုပ်စုများ၊ မြန်မာစစ်တပ်၏ပြည်သူ့စစ်များထိန်းချုပ်လျှက်၊ စီမံလျှက်၊ လုပ်ငန်းလိုင်စင်ချပေးလျှက်၊ နယ်မြေအုပ်ချုပ်ရေးကို အကော င်အထည်ဖော်လျှက် ရှိကြသည်။

မူးယစ်ဆေးဝါးမှရသည့်ငွေ၊ တရားမဝင်သစ်နှင့် သယံဇာတကုန်သွယ်မှုက ရသည့်ငွေ၊ ကျောက်စိမ်းမှ ရသည့်ငွေများအတွက် အွန်လိုင်းလိမ်လည်မှုက နောက်ထပ် ရပေါက်ရလမ်း အခွင့်အရေးတခုဖြစ်လာသည်။ ဇာတ်လိုက်ကျော် ရွှေကုက္ကိုမြိုပြသစ်ကား အဆိုပါအခွင့်အရေးအတွက် ရေခံမြေခံကောင်းလှသည်။

မြန်မာစစ်တပ်၏ ပြည်သူ့စစ်ကရင်နယ်ခြားစောင့်တပ်ဟူသည် နိုင်ငံရေးအရပါဝါအရေခွံ့အလှဲ့မြန်တတ်သလောက် မိမိနယ်မြေတွင်တော့ ကိုယ်ပိုင်အုပ်ချုပ်ရေးက အပြည့်ရှိသည်။

ဤသို့ဖြင့် BGF၏ ပါဝါဇတ်ကွက်တွင် ကိုယ်ပိုင်အစောင့်တပ်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်များကကာစီနို၊ အွန်လိုင်းလိမ်လည်မှုများကို တည်ဆောက်မည့် တရုတ်အရင်း အနှီးများအတွက် သဘောတွေ့ မနောခွေ့စရာပင်။ တရုတ်အရင်းအနှီးများဖြင့် လည်ပတ်မည့်လုပ်ငန်းများ၏ အကျိုးအမြတ်အခွန်အခဖြင့် လက်နက်စစ်ပစ္စည်းကို ဝယ်ယူနိုင်သည်။ အင်အားကိုခိုင်မာစေသည်။

မြန်မာစစ်တပ်နှင့် လက်ချင်းချိတ်လျက် အနေအထားခိုင်မြဲလျက် ရှိနေသည်။ ရှမ်းပြည်တွင်တော့ ၂၀၂၃ခု နှစ်တွင် မြန်မာစစ်တပ် နောက်ခံပေးထားသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ပြလိုက်သည်။ တိုက်ပြသည်ရည်ရွယ်ချက်က ၎င်းတို့ဆုံးရှုံးသွားသော နယ်မြေကို ပြန်ရလိုသည့်အတွက်ဖြစ်သည်။

“မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းက စစ်စီးပွားရေးထိပုံသဏ္ဍာန်ပြုခဲ့ပြီဖြစ်သည်။ နယ်မြေ ၏အာဏာကို ဘယ်သူက ပြန်လည်ထိန်းချုပ်မည်ဆိုသည့်(Reshaping Power)အခြေအနေထိပင် ပုံဖော်ပေးနိုင်သည်။”

လက်ရှိအနေအထားပြယုဂ်တွင်တော့ အွန်လှိုင်းလိမ်လည်မှုလုပ်ငန်းသည် ထို င်းနယ်စပ် မြဝတီအနီးရှိ ကေကေပါခ့် (KK Park )အရပ်တွင် ဘုံကြိုးပြတ်နေကြသည်။ ကေကေပါခ်ကား ယခုအခါ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်သည်ထိ မျက်စိဒေါက်ထောက်ကြည့်ခံနေရပြီဖြစ်သည်။

နိုင်ငံအဆင့်ထုတ်ပြန်ချက်က မြန်မာစစ်တပ်က ကုန်လွန်ခဲ့သည့်လကပင်ကေကေပါခ်ရှိ အွန်လိုင်းလိမ်လည်မှုအော် ပရေတာများကို ပိတ်သိမ်းခဲ့ပြီဟုဆိုထားသည္။

သို့သော် ပိတ်သိမ်းရာ ပိတ်သိမ်းကြော င်း အသေးစိတ်လုပ်ငန်းအခြေအနေက မြူဝေရစ်သိုင်းဂျင်းမီးခိုးလှိုင်း(Murky Details)ပင်ဖြစ်နေသည်။လေ့လာဆန်း စစ်သူအချို့က အော်ပရေတာများကို ပိတ်သိမ်းမှုမှာ ထိပ်ပိုင်းမှ စီမံခန့်ခွဲမှုဖြစ်နိုင်သည်ဟု အတည်ပြုကြသည့်တို င်အောင်မြူဝေရစ်သိုင်းအဖြစ် အမြင်ခံနေရသည်။

မြန်မာစစ်တပ်က ကေကေပါခ့်အား ရှ င်းလင်းရေးကို ကြေညာနေချိန်တွင်မှာပင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းရှင်များက အကျိုးအမြတ်များကို ယူကာ ထွက်ခွာသွားကြပြီ၊ အခြားနေရာတွင် ပြန်လည်လည်ပတ်နေသည်ဟု ခိုင်မာသောအရင်းအမြစ်များက ဆိုထားကြသည်။

လူပေါင်းထောင့်ငါးရာကျော်က ထိုင်းဖက်ကိုထွက်ခွာသွားကြသည်။ သို့သော် အချို့က မတူသောနေရာများကို ထွက်ခွာသွားကြသည်။ မတူသည့်နေရာကို ထွက်ခွာခြင်းဆိုသည့်အချက်က အချက်အလက်တခုကို ပုံဖော်ပြနေသည်။

ထိုအချက်အလက်က ထိုင်း-မြန်မာ နယ် စပ်တွင် အသံမထွက် တိတ်ဆိတ်ပုန်းလျှိုနေသောအွန်လိုင်းစီးပွားရေး စုဆုံချက် (Scam-hub Economy) များကရှိနေသည်။ ထိုစုဆုံချက်များရှိနေသောနယ်မြေများတွင် ဆိုင်ရာဆိုင်ရာနယ်မြေထိန်းချုပ်သူများရှိနေသည်။

ထိုနယ်မြေများသည် တရားမဝင်စီးပွား ရေးများနှင့် လည်ပတ်နေသည်။ ထိုလည်ပတ်မှုကို ထိန်းချုပ်ထားသောလူ့မ လိုင်ကွန်ရက်ကရှိနေသည်။ တရားမဝင်စီးပွားရေးလည်ပတ်မှုနှင့် ထိုလည်ပတ်မှုအဆီအနှစ်ကို စားသုံးသူလူမလိုင်ကွ န်ရက်များရင်ချင်းဆက်အမြွာသဖွယ် ဖြစ်နေသည်။

အဆိုပါရင်ချင်းဆက်အမြွာများထွန်းရာနယ်မြေများသို့ ကေကေပါခ်ကို စွန့်ခွာသူအရင်းအမြစ်များက သွားရောက်စုဆုံနေသည်။

“ဤသို့ဖြင့် ထိုနေရာများတွင် (Reshaping Power)အတွက် စုဆုံရပ်များကို လိုက်တမ်းပြေးတမ်းကစားပွဲများရှိနေမည့် ရှေ့ဆက်လက္ခဏာကို တွေ့နေရသည်။”

ဆက်ရန်…

The diplomat တွင်ဖော်ပြထားသော cracking-southeast-asias-scam-economy ကို ပြန်ဆိုသည်။

PrevPreviousလက်နက်ကိုင်ပဋိပက္ခဒဏ်ကြောင့် ထိန်းသိမ်းသူကင်းမဲ့နေတဲ့ ဒီရေတောတွေ
Nextချောင်းဦးမြို့နယ်မှာ စစ်ကော်မရှင်တပ် Gyrocopter နဲ့တိုက်ခိုက်လို့ နှစ်ဦးသေဆုံးNext
Previous Post

လက်နက်ကိုင်ပဋိပက္ခဒဏ်ကြောင့် ထိန်းသိမ်းသူကင်းမဲ့နေတဲ့ ဒီရေတောတွေ

Next Post

ချောင်းဦးမြို့နယ်မှာ စစ်ကော်မရှင်တပ် Gyrocopter နဲ့တိုက်ခိုက်လို့ နှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

Releated Post

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026
ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

March 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page