Border News Ageny
ရန်ကုန်၊ ဒီဇင်ဘာ ၃ ။
မြန်မာဟာ ဆယ်နှစ်အတွင်းဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး(UNODC)က ဒီဇင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာစံချိန်အမြင့်ဆုံးရောက်ခဲ့ပြီး ထွက်ရှိလာတဲ့ဘိန်းဖြူ(Heroin)ကို အနောက်နိုင်ငံဈေးကွက်သို့ ကူးသန်းရောင်းဝယ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်သူတွေထဲမှာ အချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အာဖဂန်နစ္စတန်တာလီဘန်အစိုးရမှ ဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို ရယူခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းစစ်အတွက် ရန်ပုံငွေထောက်ပံ့ပေးရာမှာ တရားမဝင်လုပ်ငန်းတွေဟာ အဓိကဝင်ငွေရင်းမြစ်တွေဖြစ်လာတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဒီနှစ်မြန်မာမြေပေါ်ဘိန်းစိုက်ပျိုးတဲ့ဧကမှာ ဟက်တာ ၅၃,၀၀၀ ကျော်(၁၃၁,၀၀၀ ဧက)ကျော်လွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံးနယ်မြေအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ဆိုပါတယ်။






