Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၀။
အာရက္ခတပ်တပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးဆေးရုံကိုဒီဇင်ဘာ လ ၁၀ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ခန့်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆေးကုသမှုခံယူနေသူ အရပ်သားနှစ်ဆယ့်ကိုးဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီလို ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဆယ့်ကိုးဦးသေဆုံးပြီး ဒဏ်ရာရသူတွေအများအပြားရှိနေတာကြောင့် သေဆုံးတာဟာ ခုထက်ပိုများနိုင်တယ်လို့ ဆိုကြပါတယ်။






