Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ၃၁ ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရသွားကြတယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကပေါင်းငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့်ဆေးရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို ဆေးရုံအဆောင်တချို့လည်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။






