အရာတော်မြို့နယ်မှာ ပျူစောထီးရှစ်ဦးကို ဖမ်းမိ
Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၃။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကိုတိုက်ခိုက်ရာ ရှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင်အမှတ်၂၁ တပ်ရင်းမှ ထုတ်ပြန်ပါတယ်။
အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ဒီဇင်ဘာလ ၉ ရက်နေ့က ရိက္ခာသယ်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေတွင်းရွာမှ ပျူစောထီး ဆယ့်နှစ်ဦးဟာ အဲဒီရွာမှ ၂ မိုင်အကွာမှာရှိတဲ့ ညောင်ဒူးလေးရွာကိုသွားကာ ရိက္ခာသယ်ပြီး ပြန်ထွက်လာချိန် တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်ဖမ်းဆီးတယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာ လက်နက်ပါသူတွေ လွတ်မြောက်သွားပေမယ့် ကျန်တဲ့ ရှစ်ဦးကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်ရေးကို မုံရွာခရိုင်အမှတ် ၂၁တပ်ရင်း၊ တိုက်နယ် ၉ Ngwe Dwin Revolution Force ၊ MRTF နဲ့ ရွာခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။






