Border News Agency
မောင်တော၊ ဒီဇင်ဘာ ၁၅။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်သမားတွေကြောင့် နယ်စပ်တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေတယ်လို့ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တို င် ၂၀/၂၁အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ အကြမ်းဖက်သမားတွေလာရောက်ပစ်ခတ်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီလက်နက်ကိုင်အကြမ်းဖက်သမားဆယ်ဦးခန့်ဟာ ဘင်္ဂလားဒေ့ရှ်မှဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM (79)နဲ့မိနစ်အနည်း ငယ်အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဖြတ်ကျော်ဝင်ရောက်အလစ်အငိုက်၊ ချောင်းမြောင်းတိုက်ခိုက်နေတာဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အကျင့်ပျက်တပ်မှူးတွေ မသိကျိုးကျွန်ပြုအကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေသလိုဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခတပ်တော်ကပြန်လည်ပစ်ခတ်တာမို့ လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်စခန်းအနီးသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အလစ်အငိုက်တိုက်ခိုက်တာတွေအပါအဝင် အရပ်သားပြည်သူလူထုကို ချုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာတွေကြိမ်ဖန်များကျူးလွန်နေကြတယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားယုံကြည်မှုတွေ ဆုတ်ယုတ်စေသလိုမလိုလားအပ်တဲ့ နောက်ဆက်တွဲတွေဖြစ် လာမှာကို စိုးရိမ်မိတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခဒေသမှာနှစ်နှစ်အတွင်း ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေသတ်ဖြတ်လို့ အရပ်သား ၁၄၇ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ပူး ပေါင်းဆောက်ရွက်ရေးရုံး(HDCO)က ဒီဇင်ဘာလ ၁၀ ရက်၊ နေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကြောင့် အာရက္ခပြည်သူ ၁၄၇ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ချောင်းမြောင်းပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့်သေဆုံး၊ ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ဆိုကြပါတယ်။






