Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၁၅။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ကို တော်လှန်ရေးတပ်၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီဇင်ဘာလ၁၅ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီနွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ယောတပ်တော်(YA)၊ ယောကာကွယ်ရေးတပ်(YDF)၊ 96 Soldiers PDF၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော် (BA)ပါဝင်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ချိတ်ဆက်မှုအား နည်းချက်တွေကိုပြင်ဆင်ပြီး ခိုင်မာကျစ်လစ်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင်ရပ်တည်မှာဖြစ်သလို ရှင်းလင်းထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားပေါ်ပေါက်လာစေဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီတပ်ပေါင်းစုရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာဦးတည်ချက်တွေ၊ လုပ်ငန်းစဉ်တွေကိုစုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်သွားမယ်လို့ကတိပြုထားပါတယ်။
အဲဒီနွေဦးတော်လှန်ရေးမဟာမိတ်ကိုပြီးခဲ့တဲ့မေလက တော်လှန်ရေး ၇ ဖွဲ့နဲ့စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာလပထမအပတ်မှာ ၁၄ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ဖြစ်မြောက်ရေးညီလာခံကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA)ကို ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။






