Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၁၅။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၁၅ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur နဲ့ မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့တာပါ။
အဲဒီမှာ မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံဟာအိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တာမို့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနဲ့ဆက်ဆံရေးတိုးတက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်သွားမယ်လို့ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား စစ်ဘက်ဆိုင်ရာသင်တန်းတွေ အပြန်အလှန်ဖွင့်ရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာတွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်ကော်မရှင်ရဲ့ တာဝန်ရှိသူတွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးColonel Jaswinder Singh Gill တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။






