Border News Agency
တနင်္သာရီတိုင်း၊ ဒီဇင်ဘာ ၁၇။
တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်ရဲ့ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းကိုတော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က ဒီဇင်ဘာလ ၁၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့အနေနဲ့ ရေဖြူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဲ့ရေဖြူမြို့မရဲစခန်းတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်တွေဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တချိန်တည်းမှာပဲ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၄၀၆၊ခမရ ၄၀၇၊အမတ ၃၀၄၊ရေဖြူမြို့တံတားစစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ရပ်တော်မူဘုရား ယာယီစခန်းတွေက်ု ဒရုန်းနဲ့ တိုက်ခိုက်ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ရေဖြူမြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်ကပြည်သူလူထုရှိရာနေရာကိုလက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေနဲ့ရဲစခန်းအတွင်းရှိနေရာတချို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ဗျူဟာ၃၃ဒေါနစစ်ကြောင်း ၃ KBDF၊ဗျူဟာ ၃၃ ဒေါနတပ်ခွဲ – ၆ ဝေဟင်တပ်ဖွဲ့၊ရေဖြူပကဖ၊Ba Htoo Army၊ဂျိုးဖြူပြောက်ကျား၊ထားဝယ်အရှေ့တောတပ်ဖွဲ့ -DEFPDF၊ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ ၇ LPF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။






