Border News Agency
မကွေး၊ ဒီဇင်ဘာ ၂၉။
မကွေးတိုင်း၊ စလင်းနဲ့ဆင်ဖြူကျွန်းအပါအဝင် မြို့နယ်ခြောက်မြို့ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်းစစ်ဌာနရဲ့ ဦးစီးကွပ်ကဲမှုနဲ့ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့စစ်ရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတွေကို မီးရှီု့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ဗုံးသီးတွေထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းက ကပစ ၂၁ ၊ ကပစ ၂၂ နဲ့ လက်နက်ကြီးကျည်တွေ ထုတ်လုပ်ရာပေါက်မြို့နယ်အတွင်းက ကပစ ၂၄ ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်းက ဓာတ်တိုင် ၁၀၀ ကျော်ကို တပြိုင်တည်းမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးစလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ဘက်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ဦးတည်ထွက်ခွာလာတဲ့ အင်အားတရာ့ခုနှစ်ဆယ်ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒရုန်းတွေနဲ့လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ကားငါးစီးပျက်စီးခဲ့ပြီးထိခိုက်ကျဆုံးမှုတွေနဲ့ ပြန်ပြီးဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။
အဲဒီ စလင်းမြို့နယ်အတွင်း စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေကို ဒီနေ့အချိနထိတော်လှန်ရေးတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားတာကြောင်း ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။






