Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်အမှတ် ၂ တပ်ရင်းက စစ်ရေးအရှိန်မြင့်သွားမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်၊ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
အဲဒီတမူခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ဒုတိယအကြိမ်အစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့ရာ စစ်ရေးအရှိန်မြှင့်တင်ဖို့ အတွက်ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ၊ လက်နက်ကြီးအဖွဲ့၊ တပ်ရင်းဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့နဲ့သက်ဆိုင်ရာအရာ
ရှိတွေ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ တိုက်စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တွေမြှင့်တင်ပြီး တော်လှန်ရေးနဲ့ပန်းတိုင်မရောက်မခြင်း ကြိုးစားဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပြည်သူကိုဗဟိုပြုပြီး ပြည်သူယုံကြည်ကိုးစားထိုက်တဲ့ ပြည်သူ့စစ်သားတွေဖြစ်အောင် ကြိုးစားသွားမယ်လို့ တမူးခရိုင်အမှတ်၂ တပ်ရင်းက အသိပေးထားပါတယ်။






