Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား နှစ်ဆယ့်ခြောက်ဦးသေဆုံးပြီး လေးဆယ်ကျော်ဒဏ်ရာရသွားခဲ့တယ်လို့ ဝက်လက်သတင်းကွန်ရက်မှ ဇန်နဝါရီလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ဝက်လက်မြို့နယ်ကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၃၁ နေ့ထိ စစ်ကော်မရှင်တပ်လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအများအပြားသေဆုံး၊ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါးပျံလွန်တော်မှုပြီး အမျိုးသား၊ အမျိုးသမီးတွေအပါအဝင် နှစ်ဆယ့်ခြောက်ဦးသေဆုံးပြီး လေးဆယ်ကျော်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်တွေ၊ ကားတွေအများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဝက်လက်နယ်၊ အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းနှစ်ကြောင်းဟာ မင်းရွာတောင်ရွာထဲ ရောက်နေတာကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်ရွာ၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင် စတဲ့ကျေးရွာတွေမှ ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြန်မာနိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ နေ့စဥ်သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။






