Border News Agency
ပဲခူး၊ ဇန်နဝါရီ ၁။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်ကြီးတဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ဇန်နဝါရီလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေချိန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် – ၃၇၀၁ တပ်ရင်း၊ တပ်ခွဲ – ၃ ရဲဘော်တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဟာ မိနစ် ၄၀ ခန့်ကြာခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဘက်မှ ဗိုလ်ကြီးတဦး၊ အရာခံဗိုလ်တဦး၊ ဆေးဗိုလ်တဦးနဲ့ အခြားတပ်သားအဆင့်သုံးဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာတွေနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ငါးဦးကိုလည်း စစ်သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးခဲ့သလို လက်နက်ငယ်ဆယ့်နှစ်လက်နဲ့ ခဲယမ်းတွေ၊ လက်ပစ်ဗုံး၊ စကား
ပြောစက်တွေနဲ့ အခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။






