Border News Agency
ကျောက်တော်၊ ဇန်နဝါရီလ ၃။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ တူးဖော်ထိန်းသိမ်းထားတဲ့ မြောက်ဦးခေတ်ရှေ့ဟောင်းသမိုင်းဝင်ခေါင်းလောင်းအတွက် အကြံပြုချက်တွေကို ယတြာခေါင်းလောင်းထိန်းသိမ်းစောင့်ယှောက်ရေးကော်မတီမှ ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့ဖိတ်ခေါ်နေပါတယ်။
အဲဒီ ရှေ့ဟောင်းယဥ်ကျေးမှုအမွေအနှစ် ခေါင်းလောင်းကိုရှေ့ဟောင်းသုဒေသန၊ သမိုင်း၊ ယဥ်ကျေးမှုဆိုင်ရာကိစွတွေကို လေ့လာဆန်းစစ်သုဒေသနပြုနိုင်ဖို့အတွက် ဝေဖန်အကြံပြုချက်တွေ တောင်းဆိုနေတာဖြစ်ပါတယ်။
အဲဒီဝေဖန်အကြံပြုချက်တွေအတွက် အီးမေးလ် – arakanidp@163.com၊ တယ်လီဂရမ်- @BELLINFO2026ကို ဆက်သွယ် အကြုံပြုပေးနိုင်တယ်လို့ ဖိတ်ခေါ်နေတာပါ။
အဲဒီခေါင်းလောင်းကို အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရှိ၊ မဟာမြတ်မုနိဘုရားကုန်းပေါ်မှ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃ ရက်နေ့က တူးဖော်ရရှိထားတာဖြစ်ပါတယ်။





