Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူတို့ဖမ်းထားတဲ့နိုင်ငံခြားအကျဉ်းသား ငါးဆယ့်နှစ်ဦးကို လွတ်ငြိမ်းခွင့်ပေး လိုက်ပါတယ်။
အဲဒီအကျဉ်းသားတွေကို ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ လွတ်ပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံအချင်းချင်းမိတ်မပျက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိုရှေ့ရှုးပြီး အကျဉ်းကျနေတဲ့ နိုင်ငံခြားသားလေးဆယ့်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။
သူတို့တွေကို ရာဇဝတ်ပုဒ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ” နောက်တကြိမ်ပြစ်မှုထမ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်နဲ့အတူ ခုကျမယ့်ပြစ်ဒဏ်တွေပါ ဆက်ပြီးခံယူရမယ်”လို့ ခံဝန်ကတိနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ခြောက်ထောင့်တရာသုံးဆယ့်လေးဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
နောက်ပြီး အမှုကြီးကိုးမှုနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကိုလည်း ခြောက်ပုံတပုံ ပြစ်ဒဏ်လျော့ရပ်ပေးလိုက်ပါတယ်။







