Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၄။
အာဏာသိမ်းစစ်တပ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် လည်းပါဝင်လာပါတယ်။
ဦးရဲထွဋ်ကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ က ပုဒ်မ၅၀၅ – က နဲ့ ထောင်ဒဏ် ၃နှစ်၊ ပုဒ်မ ၁၂၄ – က နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူဟာ အင်းစိန်ထောင်မှပြန်လွတ်လာတာကို တွေ့ရပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ယောက်နဲ့ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၅၂ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာပါ။
အဲဒီအပြင် စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း ကျခံဖိုကျန်ရှိနေတဲ့ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါတယ်။







