Border News Agency
မောင်တော၊ ဇန်နဝါရီ ၅။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ဝိမလာရပ်ကွက်မှ ကလေးတဦးနဲ့အမျိုးသမီးနှစ်ဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းဆီးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့သွားတဲ့ အရပ်သားရှစ်ဦးဟာ မောင်တော – ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဇန်နဝါရီလ ၄ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ အရပ်သားရှစ်ဦးထဲကငါးဦးဟာ ညအချိန်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကလေးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်သမားတွေ ဆက်ဖမ်းထားတယ်လို့ လွတ်မြောက်လာသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့မှ အသက်ရှစ်နှစ်အရွယ် မောင်ဝေယံလင်း၊ အသက်သုံးဆယ့်နှစ်နှစ်အရွယ် ဒေါ်သန္တာစိုး၊ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ဒေါ်စိုးစိုးခိုင်ကို ရိုဟင်ဂျာအမည်ခံလက်နက်အကြမ်းဖက်သမားတွေ ဖမ်းဆီးထားတာပါ။
သူတို့တွေဟာ ဇန်နဝါရီလ ၄ ရက်၊ ညနေသုံးနာရီခန့်က အာရက္ခ – ဘင်္ဂလာနယ်စပ်ကို လမ်းပြသုံးဦးနဲ့အတူ နယ်စပ်ဖြတ်ကျော်ပြီး ရွာတော်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်တနေရာမှာ ဖမ်းဆီးခံခဲ့ရပါတယ်။





