Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၆။
နေပြည်တော်-မြို့သစ်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် ၃၂/၇ အနီးမှာဇန်နဝါရီလ ၆ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီ ၄၂ မိနစ်က တိုက်ခိုက်ခံရလို့ စစ်ကော်မရှင်တပ်ရဲမှူးတဦးနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရဲ့ကိုယ်ရေးအရာရှိသေဆုံးသွားပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရတာမို့ မြို့သစ်၊မြို့နယ်ရဲမှူးထွန်းလင်းအောင်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာရှိဦးအောင်ကျော်သူသေဆုံးသွားပါတယ်။
အဲဒီရဲမှူးထွန်းလင်းအောင်နဲ့တပ်ဖွဲ့ဝင် လေးဦးဟာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်လွင်ဦးကိုနေပြည် တော်မှသွားခေါ်လာကြတာပါ။
အဲဒီတိုက်ခိုက်ခံရလို့ နောက်ထပ်ရဲတပ်ဖွဲ့ဝင်လေးဦးလည်း ဒဏ်ရာရသွားကြတာမို့ မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။
အဲဒီပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်ဦးအောင်လွင်ဦးဟာ တိုက်ခိုက်ခံရတဲ့နေရာမှာ စစ်ကော်မရှင်တပ် ဖွဲ့ဝင်ဆယ့်ခုနှစ်ဦး၊ရဲတပ်ဖွဲ့ဝင်တွေနဲ့အ တူ ရှိနေတယ်လို့ဆိုပါတယ်။






